အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယူးကိုခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေတယ်လို့သိရပါတယ်။
အီတလီကလာတဲ့အသင်းတွေအရ အာဆင်နယ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ရာဘီယူးကိုခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်ခဲ့ရာမှာ ခြေစွမ်းပြခဲ့တဲ့ရာဘီယူးကို နည်းပြ အာတေတာကိုယ်တိုင် သဘောကျနေပြီး အမှတ်ပေးဇယားကို ဆက်ပြီးဦးဆောင်နိုင်ဖို့ ခေါ်ယူအားဖြည့်လိုတာလို့ဆိုပါတယ်။
အသက် ၂၇ နှစ်ရှိကွင်းလယ်လူ ရာဘီယူးကို ဂျူဗင်တပ်အသင်းကလည်းရောင်းချဖို့ ပြင်ဆင်ခဲ့ဖူးပြီး မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပါတယ်။
ဂျူဗင်တပ်အသင်းဟာ ရာဘီယူးကို ၂၀၂၃ ခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ထွက်ခွာခွင့်ပြုရမှာဖြစ်လို့ လာမယ့်ဇန်နဝါရီမှာ ရတဲ့ဈေးနဲ့ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီယူးကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်ကို ခေါ်ယူဖို့ ဝေဝါးလာခဲ့တဲ့နောက်မှာ ပြင်သစ်သား ရာဘီယူးကို ပြောင်းလဲခေါ်ယူဖို့ မန်ယူနိုက်တက်က ပစ်မှတ်ထားလာခဲ့တာပါ။
အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ရာဘီယူးဟာ စာချုပ်သက်တမ်း တနှစ်သာကျန်တော့ပြီး ပွဲထွက်ခွင့်လည်း ပျောက်ဆုံးခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ရှိပါတယ်။
သူဟာ မွေးရပ်မြေ ပီအက်စ်ဂျီကလပ်မှာ ၇ နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်က အီတလီကို ပြောင်းရွှေ့ကစားခဲ့တာပါ။
စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး ပြစ်ချက်ဟောင်းတချို့ရှိပေမဲ့ ခြေစွမ်းပိုင်းအရတော့ မန်ယူအသင်းကွင်းလယ်မှာ အားကိုးရနိုင်သူလို့ ဘောလုံးကျွမ်းကျင်သူတွေက မှတ်ချက်ပေးကြပါတယ်။