လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ စပိန်အသင်းနဲ့အတူ လိုက်ပါခွင့်ရဖို့မျှော်လင့်နေဆဲဖြစ်ကြောင်း နောက်ခံလူ ရာမို့စ်က ပြောပါတယ်။
ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့ခဲ့ပြီး နောက်ဒဏ်ရာပြဿနာတချို့ ကြုံတွေ့ခဲ့ရတာကြောင့် ၂၀၂၁ နောက်ပိုင်း စပိန်အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။
ယူရို၂၀၂၀ ပြိုင်ပွဲကိုလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ ဝါရင့်နောက်ခံလူဟာ လာမယ့် ကမ္ဘာ့ဖလားမှာတော့ လက်ရွေးစင်အသင်းမှာ ပြန်ပါဖို့ မျှော်လင့်နေတာပါ။
စပိန်အသင်းရဲ့ လူစာရင်းကို ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေမဲ့ နည်းပြအင်းနရစ်က မကြာခင်မှာ ထုတ်ပြန်သွားဖို့ရှိပါတယ်။
ရာမို့စ်ကတော့ ဒဏ်ရာပြန်လည်ကောင်းမွန်လာပြီး ကလပ်အသင်းမှာလည်း ပွဲထွက်ခွင့်ရနေပြီ ဖြစ်လို့ အသင်းမှာ ပြန်ကစားဖို့အဆင်သင့်ရှိနေပြီး နည်းပြအင်းနရစ်အပေါ်မှာပဲ မူတည်ကြောင်း ပြောပါတယ်။
ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးကစားဖို့ စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ကာတာအထိ လိုက်ပါခွင့်ရချင်ကြောင်း ရာမို့စ်က ပြောသွားပါတယ်။