close

ရိုဒရီ

close

July 21, 2022

လာမယ့်ရာသီတွင် မန်စီးတီး၏ ကစားပုံပြောင်းလဲသွားနိုင်ကြောင်း ရိုဒရီ သုံးသပ်

လာမယ့်ရာသီမှာ အသင်းရဲ့ကစားပုံ ပြောင်းလဲသွားနိုင်တယ်လို့  မန်စီးတီးကွင်းလယ်လူ ရိုဒရီက ပြောပါတယ်။

မန်စီးတီးဟာ နံပါတ် ၉ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူထားသလို ကွင်းလယ်အဖျက် နေရာမှာလည်း လိဒ်ယူနိုက်တက်က ကယ်ဗင်ဖိလစ်ကိုခေါ်ယူထားတာပါ။

အဲဒီလို ကစားသမားတွေ ရောက်ရှိလာတဲ့အတွက် မနှစ်ကရာသီကလို ကစားကွက်မဟုတ်တော့ဘဲ ပုံစံတစ်မျိုးပြောင်းလဲနိုင်ကြောင်း ကွင်းလယ်လူရိုဒရီက သုံးသပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ သုံးနှစ်လောက်အတွင်းမှာ တိုက်စစ်မှူးစစ်စစ်မပါဘဲ ကစားခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြောင်း၊ ဟာလန်းလို တိုက်စစ်မှူးစစ်စစ် ရောက်လာတာကြောင့် အသင်းရဲ့ ကစားပုံ ပြောင်းလဲနိုင်ပေမယ့်လည်း ပိုပြီးကောင်းမွန်တဲ့အရာကို ရယူဖို့သာဖြစ်နိုင်ကြောင်း ရိုဒရီက ပြောပါတယ်။

စပိန် ကွင်းလယ်လူရိုဒရီဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ အသင်းနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

7 mins Ago

July 5, 2020

ချန်ပီယံလိဂ်နှင့် အက်ဖ်အေဖလားရရန် ကြိုးပမ်းမည်ဟု မန်စီးတီးကွင်းလယ်လူ ရိုဒရီ ပြော

ပရီမီးယားလိဂ်ဆုဖလားနဲ့ လွဲချော်ခဲ့ပေမယ့် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မန်စီးတီးကွင်းလယ်လူ ရိုဒရီကပြောပါတယ်။  မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်ခဲ့ပေမယ့် လက်ကျန် ဆုဖလား ၂ လုံးကို ရယူနိုင်မယ်ဆိုရင် သမိုင်းဝင် အောင်မြင်မှုရယူနိုင်တဲ့ ဘောလုံးရာသီအဖြစ် မှတ်တမ်းတင်နိုင်မယ်လို့ ရိုဒရီကပြောပါတယ်။  လက်ရှိအချိန်မှာ လိဂ်ရှုံးထွက်ဖလားနဲ့ ကွန်မြူနဒီဒိုင်းဆုဖလားတွေ ရယူထားပြီး အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကိုလည်း ရယူနိုင်မယ်ဆိုရင် အသင်းသမိုင်းမှာ အအောင်မြင်ဆုံး ဘောလုံးရာသီ ဖြစ်လာမယ်လို့ ရိုဒရီကပြောပါတယ်။  မန်စီးတီးအသင်းအနေနဲ့ အခုနှစ်မှာ ပရီးမီးယားလိဂ်ဆုဖလားနဲ့ လွဲချော်ခဲ့ပေမယ့် လာမယ့်ရာသီမှာ ပြန်လည်ရယူနိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း  ရိုဒရီက ပြောကြားခဲ့ပါတယ်။  စပိန်ကွင်းလယ်လူ ရိုဒရီဟာ အခုနှစ်ရာသီအစက အက်သလက်တီကိုကနေ ပေါင် ၆၂.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
2 years Ago
Up