close

ရုရှားနှင့်အမေရိကန်

close

December 31, 2021

ဂျီနီဗာလုံခြုံရေးဆွေးနွေးပွဲ ရုရှားနှင့်အမေရိကန် ဦးဆောင်မည်

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဆာဂီးလ် ယတ်ဘ်ကို့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဝင်ဒီ ရှာမန်တို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ကျင်းပမယ့် လုံခြုံရေးဆွေးနွေးပွဲကို ဦးဆောင်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ရုရှားကြား ဆက်ဆံရေး တင်းမာနေတာပါ။

ရုရှားဟာ မြောက်အတ္တလန္တိတ်စစ်ရေး မဟာမိတ်အဖွဲ့ နေတိုးနဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှာတော့ ရုရှား၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေပါဝင်တဲ့ ပိုကျယ်ပြန့်တဲ့ အစည်းအဝေးကို ဩစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ ကျင်းပဖို့ ရှိတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကျန်ခဲ့တဲ့ ၂လအတွင်း ရုရှားက ယူကရိန်းနဲ့နယ်စပ်မှာ စစ်သည်အင်အား သိန်းချီ တပ်ချထားခဲ့လို့ အနောက်နိုင်ငံတွေကို တပ်လှန့်သလို ဖြစ်ခဲ့တာပါ။

ရုရှားအစိုးရကတော့ ယူကရိန်းနိုင်ငံအား တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့စွဲချက်ကို ငြင်းဆိုခဲ့ပြီး သူ့နိုင်ငံထဲ တပ်တွေကို သင့်တော်သလို ရွှေ့ပြောင်းဖို့ အခွင့်အရေး ရှိတယ်လို့ ပြောပါတယ်။ 

ဇန်နဝါရီ ၁၃ ရက် ဆွေးနွေးပွဲမှာ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး OSCE လည်း ပါဝင်ဆွေးနွေးမှာပါ။ 

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ ကြာသပတေးည ဖုန်းနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

6 mins Ago

June 24, 2021

ဆိုက်ဘာရာဇဝတ်သားများ ဖမ်းဆီးရေး ရုရှားနှင့်အမေရိကန် ပူးပေါင်းမည်

ဆိုင်ဘာဖောက်ထွင်း ရာဇဝတ်မှု ကျူးလွန်သူတွေကို ခြေရာကောက် ဖမ်းဆီးရေး ရုရှားဟာ အမေရိကန်နဲ့ အတူ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ရုရှားလုံခြုံရေးဌာန FSB ရဲ့ အကြီးအကဲက ဇွန် ၂၃ ရက်မှာ ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ အရင်အပတ်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တချို့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူခဲ့ ကြတာပါ။

ဆိုင်ဘာဖောက်ထွင်းသူတွေရဲ့ တည်နေရာကို ရှာဖို့ ကျနော်တို့ အတူလုပ်ဆောင်သွားမှာ ဖြစ်ပြီး အပြန်အလှန် အကျိုးရှိဖို့ မျှော်လင့်တယ်လို့ FSB အကြီးအကဲ က မော်စကိုမြို့တော်မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံအတွင်း ပြောခဲ့တဲ့အကြောင်း ရီယာသတင်းဌာန က ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံအတွင်း ဆိုင်ဘာဖောက်ထွင်း တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိသူ တွေဟာ ရုရှားအစိုးရအတွက် တိုက်ရိုက်အလုပ်လုပ်နေသူတွေ ဒါမှမဟုတ် ရုရှားပိုင်နက်ကနေ လှမ်းပြီး တိုက်ခိုက်သူတွေလို့ အမေရိကန်အစိုးရက ပြောပါတယ်။

 ရုရှားအစိုးရကတော့ ဘယ်လိုပတ်သက်မှုမှ မရှိဘူးလို့ ငြင်းခဲ့ပါတယ်။ ပူတင်နဲ့ ဘိုင်ဒင်တို့ဟာ လက်နက် ထိန်းချုပ်ရေးသဘောတူညီချက်တွေနဲ့ ဘေးလျှော့ချရေး လုပ်ဆောင်ချက်တွေအတွက် မူဘောင်တွေကို ချမှတ်ရေး ညှိနှိုင်းဆွေးနွေးမှု စဖို့ သဘောတူခဲ့ ကြပါတယ်။

ဥရောပမှာ တပ်ချထားတဲ့ ဒုံးကျည်တွေနဲ့ ပတ်သက်ပြီး ပိုပွင့်လင်းဖို့ ရုရှားဟာ တောင်းဆိုတယ်လို့ ကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂူက ပြောပါတယ်။

6 months Ago
Up