close

ရုရှားနှင့် ဘီလာရုစ်

close

April 1, 2023

ရုရှားနှင့် ဘီလာရုစ် တင်းနစ်ကစားသမားများကို ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပြန်ပေး

လူသိများအထင်ရှားဆုံး တင်းနစ်ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲကို  ဒီနှစ်မှာ ရုရှားနဲ့ ဘီလာရုစ် တင်းနစ် ကစားသမားတွေကို "ကြားနေသူတွေအဖြစ်" သတ်မှတ်ကာ ဒီဂရန်းဆလမ်းပြိုင်ပွဲရဲ့ မြက်ခင်းပြင်ကွင်းမှာ ပြန်လည်ယှဉ်ပြိုင်ခွင့်ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကြောင့် ဒီ ၂ နိုင်ငံက ကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ တချို့အခြေအနေတွေအောက်ကနေ ပြန်ခွင့်ပြုတော့မှာပါ။

ဒီ ၂ နိုင်ငံက ကစားသမားတွေအပေါ် တားဆီးခဲ့ရတာဟာ ဗြိတိန်အစိုးရရဲ့ လမ်းညွှန်ချက် အောက်ကတတည်းသော အလားအလာရှိတဲ့ ရွေးချယ်မှုဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်မှာ ဝင်ဘယ်လ်ဒန်ဘက်က ပြောကြားထားပါတယ်။

ဒီနှစ်အခြေအနေတွေအရ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို ထောက်ခံကြောင်း ဖော်ပြတာမျိုးမလုပ်ဖို့ တားမြစ်ထားသလို ကစားသမားတွေအနေနဲ့ ရုရှား ဒါမှမဟုတ် ဘီလာရုစ်နိုင်ငံတွေဆီက ထောက်ပံ့ငွေရယူကာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်တာမျိုးတွေအပေါ် တားမြစ်ထားပါတယ်။

ဝင်ဘယ်လ်ဒန်ရဲ့ ပိတ်ပင်မှုကြောင့် ကမ္ဘာ့အဆင့် ရပ်တည်ချက်မှာ ဒီပြိုင်ပွဲကနေ ရရှိနိုင်မယ့် ရမှတ်တွေဆုံးရှုံးခဲ့ရသလို အမျိုးသားနဲ့ အမျိုးသမီးဆိုင်ရာ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်တွေဖြစ်ကြတဲ့ ATP နဲ့ WTA တို့ကလည်း ဗြိတိန်နိုင်ငံရဲ့ LTA နဲ့ AELTC တင်းနစ်အဖွဲ့ချုပ်တွေအပေါ် ဒဏ်ငွေကြီးကြီးမားမား ချမှတ်ခဲ့ပါတယ်။

ဝင်ဘယ်လ်ဒန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ရုရှားနဲ့ ဘီလာရုစ်နိုင်ငံက ပြိုင်ပွဲဝင်တွေအပေါ် ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့တဲ့ တစ်ခုတည်းသော ဂရန်းဆလမ်းအဆင့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒီကစားသမားတွေအနေနဲ့ တခြားအဓိကပြိုင်ပွဲတွေမှာ နိုင်ငံရေးအရ နှီးနွယ်မှု မပါဝင်တဲ့ သီးခြားအားကစားသမားတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာပါ။

အမျိုးသား ကမ္ဘာ့အဆင့် ရပ်တည်ချက် ထိပ်ဆုံး ၁၀ ဦးထဲမှာ ရုရှားတင်းနစ်ကစားသမား ၂ ဦးပါဝင်ပြီး အဆင့် ၅ နေရာက ဒန်နီးလ် မတ်ဗီဒက်ဗ်နဲ့ အဆင့် ၇ နေရာက အန်ဒရေး ရူးဘလက်ဗ် တို့ပဲ ဖြစ်ပါတယ်။

အမျိုးသမီး တင်းနစ်ကစားသမားတွေထဲမှာတော့ ဘီလာရုစ်နိုင်ငံသူ အရီနာ ဆာဘယ်လန်ကာက ကမ္ဘာ့အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဒီနှစ်အစောပိုင်းတုန်းက သြစတြေးလျ အိုးပင်းချန်ပီယံဆုကိုပါ ရယူထားနိုင်ပါတယ်။ ရုရှားနိုင်ငံသူ ဒါရီယာကာဆတ်ကီနာက တော့ ကမ္ဘာ့အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

3 hours Ago

December 4, 2022

ရုရှားနှင့် ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံ

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂူဟာ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီး ဗစ်တာကရန်နန်နဲ့ ဒီဇင်ဘာ ၃ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နှစ်ဖက်စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပြီး “နယ်မြေ လုံခြုံရေး ပူးတွဲပြဋ္ဌာန်းချက်” ဆိုင်ရာ သဘောတူညီချက်ကို အသေးစိတ် ထပ်မဖော်ပြဘဲ နှစ်ဖက်စလုံးက ပြန်ပြင်ဆင်ခဲ့တယ်လို့ လည်း ပြောပါတယ်။

အဲဒီနောက် ရွှိုင်ဂူဟာ ဘဲလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရုရှားနှင့် ဘီလာရုစ်တို့ဟာ “ပြည်ထောင်စုနိုင်ငံ”ရဲ့ တရားဝင်အစိတ်အပိုင်းဖြစ်ပြီး စီးပွားရေး အရရော စစ်ရေးအရပါ အနီးကပ် မဟာမိတ်ဖြစ်ပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ ဖေဖော်ဝါရီ ၂၄ ရက် အထူးစစ်ဆင်ရေးအတွက် ဘီလာရုစ်ကို အဓိကနေရာ အဖြစ် ရုရှားအစိုးရက အသုံးပြုထားပါတယ်။

ဘီလာရုစ်ဟာ ယူကရိန်းနဲ့ ပဋိပက္ခမှာ မပါဘူးလို့ ပြောခဲ့ပေမယ့် ယူကရိန်းနဲ့ အနောက်နိုင်ငံတွေ ဆီက ခြိမ်းခြောက်မှုတွေကို ကိုးကားပြီး လူကာရှန်ကိုဟာ အရင်က ယူကရိန်းနယ်စပ်နားမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တပ်ဖြန့်ဖို့ အမိန့်ပေးခဲ့ပါတယ်။ 

4 months Ago
Up