close

ရုရှားဗုံးကြဲ

close

March 8, 2022

ရုရှားဗုံးကြဲမှုကြောင့် ခါရ်ကိဗ်မြို့တခုလုံးနီးပါး လူနေအိမ်များ ပျက်စီး

ယူကရိန်းအရှေ့မြောက်ဘက် ဒုတိယအကြီးဆုံးဖြစ်တဲ့ ခါရ်ကိဗ်မြို့ကို ရုရှားတို့လေကြောင်းက တိုက်ခိုက်ခဲ့ပြီး တမြို့လုံးနီးပါး အပျက်အစီးပုံကြီး ဖြစ်ကျန်ခဲ့ပါတယ်။ 

နေအိမ်တွေ တိုက်ခန်းတွေ မော်တော်ကားတွေ အကုန်လုံးနီးပါး ရစရာမရှိအောင် ပျက်စီး သွားခဲ့တာပါ။ 

လမ်းတွေပေါ်မှာ အပျက်အစီးတွေ စုပုံနေပြီး လူနေရပ်ကွက်မှာ ဗုံးကျင်းကြီး ၄ ကျင်း ဖြစ်ကျန်ခဲ့ပါတယ်။ 

ခါရ်ကိဗ်မြို့မှာ လူဦးရေ ၁ သန်းခွဲ ကျော် နေထိုင်ခဲ့ပြီး ရုရှားနဲ့ နယ်စပ်ကပ်လျက်ရှိတဲ့ မြို့ပါ။  ရုရှားက အဓိကမြို့ကြီးတွေကို ဗုံးကြဲချနေတာကြောင့် ခါရ်ကိဗ်ဟာ ဆုံးရှုံးပျက်စီးမှု အများဆုံး မြို့ပါ။ 

2 mins Ago
Up