ရုရှားဗုံးကြဲမှုကြောင့် ခါရ်ကိဗ်မြို့တခုလုံးနီးပါး လူနေအိမ်များ ပျက်စီး

3
ယူကရိန်းအရှေ့မြောက်ဘက် ဒုတိယအကြီးဆုံးဖြစ်တဲ့ ခါရ်ကိဗ်မြို့ကို ရုရှားတို့လေကြောင်းက တိုက်ခိုက်ခဲ့ပြီး တမြို့လုံးနီးပါး အပျက်အစီးပုံကြီး ဖြစ်ကျန်ခဲ့ပါတယ်။
နေအိမ်တွေ တိုက်ခန်းတွေ မော်တော်ကားတွေ အကုန်လုံးနီးပါး ရစရာမရှိအောင် ပျက်စီး သွားခဲ့တာပါ။
လမ်းတွေပေါ်မှာ အပျက်အစီးတွေ စုပုံနေပြီး လူနေရပ်ကွက်မှာ ဗုံးကျင်းကြီး ၄ ကျင်း ဖြစ်ကျန်ခဲ့ပါတယ်။
ခါရ်ကိဗ်မြို့မှာ လူဦးရေ ၁ သန်းခွဲ ကျော် နေထိုင်ခဲ့ပြီး ရုရှားနဲ့ နယ်စပ်ကပ်လျက်ရှိတဲ့ မြို့ပါ။ ရုရှားက အဓိကမြို့ကြီးတွေကို ဗုံးကြဲချနေတာကြောင့် ခါရ်ကိဗ်ဟာ ဆုံးရှုံးပျက်စီးမှု အများဆုံး မြို့ပါ။