close

ရုရှားမစ်ဇိုင်းဒုံးကျည်

close

May 1, 2022

ရုရှားမစ်ဇိုင်းဒုံးကျည် အိုဒက်ဆာမြို့ပေါ် ကျရောက်ပေါက်ကွဲ

ရုရှားဘက်က ပစ်လိုက်တဲ့ မစ်ဇိုင်းဒုံးကျည်တစင်းဟာ စနေနေ့က ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆာမြို့ပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ 

“အိုဒက်ဆာမြို့ လေယာဉ်ကွင်းရဲ့ လေယာဉ်ပြေးလမ်း ပျက်စီးသွားတယ်။ ဒါကို ပြန်လည် တည်ဆောက်မယ်။ ရုရှားရဲ့ လုပ်ရပ်ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” လို့ သမ္မတ ဇီလန်စကီးက မနေ့ညက မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။ 

အိုဒက်ဆာဒေသ အုပ်ချုပ်ရေးမှူး မာချန်ကိုကလည်း မစ်ဇိုင်းဒုံးကျည်ဟာ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယား ဒေသဘက်ကနေ ပစ်လိုက်တာလို့ ပြေပါတယ်။ 

ပျက်စီးသွားတဲ့ လေယာဉ်ပြေးလမ်းဟာ ၁၀ နှစ်လောက် အချိန်ယူပြီး ဒီဇိုင်းလုပ်၊ တည်ဆောက်ခဲ့ကာ မနှစ် ဇူလိုင်လတုန်းကပဲ ဖွင့်လှစ်တာလို့ ပြောပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရုရှားစစ်တပ်ဘက်က ထုတ်ဖော်ပြောဆိုတာတော့ မရှိသေးပါဘူး။  

ရုရှားတပ်တွေဟာ ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ဦးတည်တိုက်ခိုက်နေတာပါ။ 

ခါကိဗ်မြို့ကို ခြေကုတ်ယူနေပြီး၊ ဒွန်းဘက်ဒေသတခုလုံးကို စစ်အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်နေတာ၊ အခုအချိန်အထိ ရုရှားစစ်သား ၂၃၀၀၀ ကျော်ဟာ အကျိုးမဲ့ အသက်တွေ စတေးခဲ့ရပြီးလို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

14 mins Ago

March 19, 2022

လူဗျူးမြို့ရှိ ယူကရိန်းလေယာဉ်ထိန်းသိမ်းရေးစခန်းကို ရုရှားမစ်ဇိုင်းဒုံးကျည်ထိမှန်

ယူကရိန်းအနောက်ဘက် လူဗျူးမြို့ရှိ လေယာဉ်ထိန်းသိမ်းရေးစခန်းကို  မတ်လ ၁၈ ရက်က ရုရှားမစ်ဇိုင်းဒုံးကျည်လေးခု ထိမှန်ခဲ့ပြီး အဆောက်အဦတွေ ပျက်စီးသွားပါတယ်။ 

Black Sea ပင်လယ်ဘက်ကနေ အချိန်ခွဲခြား ပစ်ခတ်ခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ဗုံးတွေပါတဲ့ Kh-555 မစ်ဇိုင်းအမျိုးစားလို့ ယူကရိန်းစစ်တပ်က အတည်ပြုပါတယ်။

တနင်္ဂနွေနေ့ကလည်း ယူကရိန်းအနောက်ဘက် ယာဗိုရစ်ဗ် စစ်အခြေစိုက်စခန်းကိုလည်း ရုရှားက မစ်ဇိုင်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒုံးကျည်နဲ့ပစ်ခတ်ခံရတဲ့ လူဗျူးမြို့ လေယာဉ်ပြုပြင်ရေး အဆောက်အအုံတွေ အချိန်အတော်ကြာအောင် မီးစွဲလောင်ခဲ့ပါတယ်။   

1 month Ago
Up