ဒီတပတ် ကမ္ဘာ့စီးပွားရေးသတင်းတွေမှာတော့ ရေနံဈေး ဆက်တိုက်တက်နေတာနဲ့ ရုရှား ငွေကြေးတန်ဖိုး ကျဆင်းတာက အဓိက လွှမ်းမိုးနေပါတယ်။
ယူကရိန်းကို စတိုက်ခိုက်ချိန်ကစပြီး ရုရှားရူဘယ်ငွေကြေး ၃၀ ရာခိုင်နှုန်းထိ ထိုးကျသွားပြီး အိမ်ခြံမြေနဲ့ အခြား ရုရှား အက်ဆက်တွေလည်း ပြိုလဲကျနေတာပါ။
လန်ဒန်ရှိ အက်စ်ဘာဘဏ် (Sberbank) မှာ အပ်နှံငွေတွေ ပြန်ထုတ်ယူမှုကြောင့် တပြားမှမကျန်အောင် ပြောင်တလင်းခါသွားပါတယ်။
မတ် ၃ ရက်နေ့က ရေနံစိမ်းနှုန်း တစည်ကို ဒေါ်လာ ၁၂၀ ထိ ထိုးတက်သွားပြီး ၁၀ နှစ်အတွင်း အမြင့်ဆုံး တက်ခဲ့တာပါ။ အဓိကအကြောင်းက ရုရှားရေနံထုတ်လုပ်မှုကို ဝိုင်းဝန်းပိတ်ဆို့ထားတာ ကြောင့်ပါ။
ယူကရိန်းဒုက္ခသည် ၁ သိန်းကျော်ဟာ အိမ်ခန်းငှားရမ်းတဲ့ အမေရိကန် အဲဘီအန်ဘီ (Airbnb) ကုမ္ပဏီဆီကနေ အခမဲ့ တည်းခိုစရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ကုမ္ပဏီအမှုဆောင် ‘ဘရိန်း ချီစကိုင်း’က ကြီးမားတဲ့ စစ်ဘေးကြောင့် ပြေးလာတဲ့သူတွေအပေါ် ကုမ္ပဏီအနေနဲ့ အကျိုးအမြတ်မမြှော်ဘဲ ကူညီရမယ်လို့ ပြောပါတယ်။
လန်ဒန်အခြေစိုက် ဗြိတိသျှရေနံကုမ္ပဏီ BP က ရုရှားရင်းနှီးမြှုပ်နှံမှု အက်ဆက် ဒေါ်လာ ၂၅ ဘီလီယံ ဆုံးရှုံးသွားပါတယ်။ BP က နေ အခြားနိုင်ငံတွေက ရှယ်ယာတွေလည်း ပြန်ထွက်ဖို့ ရှိနေပါတယ်?
ရုရှားသူဌေး ရိုမန် အီဘရာမိုဗစ်ချ်က သူ့ရဲ့ ချဲလ်ဆီး ဘောလုံးကလပ်ကို ဒေါ်လာ ၄ ဘီလီယံနဲ့ ရောင်းနေပါတယ်။
ဗြိတိန်က ဗလာဒီမာပူတင်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို နှိပ်ကွပ်နေ တာကြောင့် မိုဗစ်ချ်က သူ့ပိုင်ဆိုင်တာတွေ ရောင်းချနေတာပါ။