close

တပတ်အတွင်း ရေနံဈေး ဆက်တိုက်တက်၊ ရုရှားရူဘယ်ငွေတန်ဖိုး ထိုးကျ

ဒီတပတ် ကမ္ဘာ့စီးပွားရေးသတင်းတွေမှာတော့ ရေနံဈေး ဆက်တိုက်တက်နေတာနဲ့ ရုရှား ငွေကြေးတန်ဖိုး ကျဆင်းတာက အဓိက လွှမ်းမိုးနေပါတယ်။ 

ယူကရိန်းကို စတိုက်ခိုက်ချိန်ကစပြီး ရုရှားရူဘယ်ငွေကြေး ၃၀ ရာခိုင်နှုန်းထိ ထိုးကျသွားပြီး အိမ်ခြံမြေနဲ့ အခြား ရုရှား အက်ဆက်တွေလည်း ပြိုလဲကျနေတာပါ။ 

လန်ဒန်ရှိ အက်စ်ဘာဘဏ် (Sberbank) မှာ အပ်နှံငွေတွေ ပြန်ထုတ်ယူမှုကြောင့် တပြားမှမကျန်အောင် ပြောင်တလင်းခါသွားပါတယ်။

မတ် ၃ ရက်နေ့က ရေနံစိမ်းနှုန်း တစည်ကို ဒေါ်လာ ၁၂၀ ထိ ထိုးတက်သွားပြီး ၁၀ နှစ်အတွင်း အမြင့်ဆုံး တက်ခဲ့တာပါ။ အဓိကအကြောင်းက ရုရှားရေနံထုတ်လုပ်မှုကို ဝိုင်းဝန်းပိတ်ဆို့ထားတာ ကြောင့်ပါ။

ယူကရိန်းဒုက္ခသည် ၁ သိန်းကျော်ဟာ အိမ်ခန်းငှားရမ်းတဲ့ အမေရိကန် အဲဘီအန်ဘီ (Airbnb) ကုမ္ပဏီဆီကနေ အခမဲ့ တည်းခိုစရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီအမှုဆောင် ‘ဘရိန်း ချီစကိုင်း’က ကြီးမားတဲ့ စစ်ဘေးကြောင့် ပြေးလာတဲ့သူတွေအပေါ် ကုမ္ပဏီအနေနဲ့ အကျိုးအမြတ်မမြှော်ဘဲ ကူညီရမယ်လို့ ပြောပါတယ်။

လန်ဒန်အခြေစိုက် ဗြိတိသျှရေနံကုမ္ပဏီ BP က ရုရှားရင်းနှီးမြှုပ်နှံမှု အက်ဆက် ဒေါ်လာ ၂၅ ဘီလီယံ  ဆုံးရှုံးသွားပါတယ်။ BP က နေ အခြားနိုင်ငံတွေက ရှယ်ယာတွေလည်း ပြန်ထွက်ဖို့ ရှိနေပါတယ်?

ရုရှားသူဌေး ရိုမန် အီဘရာမိုဗစ်ချ်က သူ့ရဲ့ ချဲလ်ဆီး ဘောလုံးကလပ်ကို ဒေါ်လာ ၄ ဘီလီယံနဲ့ ရောင်းနေပါတယ်။ 

ဗြိတိန်က ဗလာဒီမာပူတင်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို နှိပ်ကွပ်နေ တာကြောင့် မိုဗစ်ချ်က သူ့ပိုင်ဆိုင်တာတွေ ရောင်းချနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up