close

ရုရှားလက်နက်ကိုင်တပ်ဖွဲ့

close

December 22, 2022

ရုရှားလက်နက်ကိုင်တပ်ဖွဲ့ တိုးမြှင့်မည့်အစီအစဉ် သမ္မတပူတင် ထောက်ခံ

ရုရှားအစိုးရဟာ ယူကရိန်းမှာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို သင်ခန်းစာယူပြီး ဖြေရှင်းဖို့ လိုအပ်တာကြောင့် လက်နက်ကိုင်တပ်ဖွဲ့ကို ၃၀ ရာခိုင်နှုန်းကျော် တိုးမြှင့်မယ့် အစီအစဉ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၁ ရက်မှာ ထောက်ခံပေးခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဆာဂီလ် ရွှိုင်ဂူက ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တိုက်ခိုက်ရေးတပ်သား ၁ ဒသမ ၁၅ သန်းကနေ ၁ ဒသမ ၅ သန်းအထိ တိုးမြှင့်ပေးဖို့ ရုရှားနိုင်ငံရဲ့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ နှစ်ကုန်ပိုင်းညီလာခံမှာ အဆိုပြုခဲ့တာပါ။

ရုရှားရဲ့ စစ်ရေးလုံခြုံရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းရေး အာမခံဖို့ ဒီလို အင်အားတိုးဖို့ လိုအပ်တယ်လို့ ရွှိုင်ဂူက ပူတင်ကို ရုပ်မြင်သံကြား အစီအစဉ်ထဲမှာ ပြောခဲ့ပါတယ်။

တိုက်ခိုက်ရေးသမား ၆၉၅,၀၀၀ ဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ အချိန်အကန့်အသတ်နဲ့  စစ်မှုထမ်းရုံသာမက စာချုပ်ချုပ်ထားတဲ့ ပညာရှင်စစ်သည်တွေ ဖြစ်သင့်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ရွှိုင်ဂူဟာ အသက် ၂၁ နှစ်ကနေ ၃၀ အတွင်း ရုရှားနိုင်ငံသားတွေ အကျုံးဝင်တဲ့ မဖြစ်မနေ စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားကို မြှင့်တင်ဖို့လည်း အဆိုပြုခဲ့ပါတယ်။

လက်ရှိစနစ်အရ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား ရုရှားနိုင်ငံသားတွေကို မဖြစ်မနေ စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်ပါတယ်။

14 mins Ago

August 27, 2022

ရုရှားလက်နက်ကိုင်တပ်ဖွဲ့အင်အား ၁၃၇,၀၀၀ တိုးမြှင့်ရန် သမ္မတပူတင်လက်မှတ်ထိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့အင်အားကို နောက်ထပ် ၁၃၇,၀၀၀ တိုးမြှင့်ဖို့ အမိန့်ဒီကရီကို သြဂုတ် ၂၅ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံရဲ့ တရားဝင် သတင်းအချက်အလက် ပေါ်တယ်မှာ ထုတ်ပြန်တဲ့ အမိန့်အရ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတအမိန့်စာမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လက်ရှိ စစ်မှုထမ်းဦးရေ ၁,၀၁၃,၆၂၈ ယောက်ကနေ ၁,၁၅၀,၆၂၈ ယောက်ထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အမိန့်အသစ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်နိုင်ငံကို ကျူးကျော်စစ်ပွဲ စစ်နွှဲနေတာ ၆ လလောက်ရှိနေပြီး ရုပ်ရှားတပ်ဖွဲ့တွေ  သေဆုံးဒဏ်ရာရမှု များလာနေချိန်မှာ အခုလို တပ်အင်အားထပ်မံတိုးချဲ့လိုက်တာဖြစ်ပါတယ်။

4 months Ago
Up