ရုရှားလက်နက်ကိုင်တပ်ဖွဲ့အင်အား ၁၃၇,၀၀၀ တိုးမြှင့်ရန် သမ္မတပူတင်လက်မှတ်ထိုး

4
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့အင်အားကို နောက်ထပ် ၁၃၇,၀၀၀ တိုးမြှင့်ဖို့ အမိန့်ဒီကရီကို သြဂုတ် ၂၅ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
နိုင်ငံရဲ့ တရားဝင် သတင်းအချက်အလက် ပေါ်တယ်မှာ ထုတ်ပြန်တဲ့ အမိန့်အရ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတအမိန့်စာမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လက်ရှိ စစ်မှုထမ်းဦးရေ ၁,၀၁၃,၆၂၈ ယောက်ကနေ ၁,၁၅၀,၆၂၈ ယောက်ထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ အမိန့်အသစ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်နိုင်ငံကို ကျူးကျော်စစ်ပွဲ စစ်နွှဲနေတာ ၆ လလောက်ရှိနေပြီး ရုပ်ရှားတပ်ဖွဲ့တွေ သေဆုံးဒဏ်ရာရမှု များလာနေချိန်မှာ အခုလို တပ်အင်အားထပ်မံတိုးချဲ့လိုက်တာဖြစ်ပါတယ်။