close

ရုရှားလိဂ်

close

March 8, 2022

ရုရှားလိဂ်က နိုင်ငံခြားသားနည်းပြနှင့်ကစားသမားများ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာနိုင်ဟု ဖီဖာ ထုတ်ပြန်

ရုရှားဘောလုံးလိဂ်ကလပ်အသင်းတွေက နိုင်ငံခြားသားနည်းပြတွေနဲ့ ကစားသမားတွေအနေနဲ့ စာချုပ် ဖျက်သိမ်းပြီး နိုင်ငံတွင်းကနေ ထွက်ခွာနိုင်ကြောင်း ဖီဖာကထုတ်ပြန်ပါတယ်။ 

ဖီဖာဟာ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ရုရှားလက်ရွေးစင်အသင်းတွေနဲ့ ကလပ်တွေကို နိုင်ငံတကာပြိုင်ပွဲ အသီးသီးကနေ ထုတ်ပယ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံမှာ အင်အားသုံးပြီး ထိုးစစ်ဆင်နေတဲ့ရု ရှားရဲ့ လုပ်ဆောင်မှုအပေါ် ထပ်မံရှုတ်ချတယ်လို့လည်း ဖီဖာရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

“နိုင်ငံခြားသားနည်းပြတွေနဲ့ ကစားသမားတွေဟာ ကလပ်တွေနဲ့ အလုပ်သမားစာချုပ်တွေကို ရာသီကုန်ဆုံးချိန်အထိ ဖျက်သိမ်းပိုင်ခွင့်ရှိတယ်။ ဒါကြောင့် တခြားနိုင်ငံက ကလပ်အသင်းတွေနဲ့ ဘာပြဿနာမှမရှိဘဲ စာချုပ် ချုပ်ဆိုနိုင်ပါတယ်” လို့ ဖီဖာက ထုတ်ပြန်ပါတယ်။ 

ကစားသမားအများအစည်းအရုံးကတော့ ဖီဖာရဲ့ ထုတ်ပြန်ချက်ဟာ အထောက်အကူဖြစ်စေပေမယ့် စာချုပ်ဖျက်သိမ်းဖို့က လွယ်ပေမယ့် နိုင်ငံတွင်းကနေ ထွက်ခွာနိုင်ဖို့အတွက်တော့ ထိတ်လန့်စရာအခြေအနေဖြစ်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

ရုရှားဘောလုံးအဖွဲ့အချုပ်ကတော့ လက်ရွေးစင်အသင်းတွေနဲ့ ကလပ်တွေကို ပြိုင်ပွဲအသီးသီးကနေ ထုတ်ပယ်ခဲ့တဲ့အပေါ် မကျေနပ်တာကြောင့် အားကစားဆိုင်ရာ ခုံရုံးကို အယူခံတင်သွင်းထားပါတယ်။

4 months Ago

May 31, 2020

ရုရှားလိဂ်ကို ပရိသတ် ၁၀ ရာခိုင်နှုန်းသာ ကွင်းထဲဝင်ရောက်ကြည့်ရှုခွင့်ပြုမည်

ရုရှားဘောလုံးလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ပရိသတ်တွေကို အကန့်အသတ်နဲ့ ဝင် ရောက်ကြည့်ရှုခွင့်ပေးမယ်လို့ သိရပါတယ်။  တခြားဥရောပလိဂ်ပြိုင်ပွဲတွေက ကွင်းပိတ်ကျင်းပနေချိန်မှာ ရုရှားလိဂ်မှာတော့ ပရိသတ်ဝင်ဆံ့တဲ့ အရေအတွက်ရဲ့ ၁၀ရာခိုင်နှုန်း ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။  ရုရှားလိဂ်ပြိုင်ပွဲကို ကိုဗစ်-၁၉ ကြောင့် ၃ လလောက် ရပ်နားခဲ့ရပေမယ့် ဇွန် ၂၁ ရက်နေ့ ပြန်လည်ကျင်းပဖို့ စီစဉ်ထားတာပါ။  ကစားသမားတွေရော ပရိသတ်တွေပါ ကွင်းထဲက စိတ်လှုပ်ရှားမူတွေနဲ့ အသံတွေကို လွမ်းဆွတ်နေကြတာကြောင့် ဒီလိုခံစားမူမျိုးကို မကြာခင် ပြန်လည်ရရှိတော့မယ်လို့ ရုရှားလက်ထောက်ဝန်ကြီးချုပ် ဒီမီထရိုင်းချန်ရှင်ကို ကပြောပါတယ်။  ရုရှားထိပ်တန်းကလပ် ဇင်းနစ်အသင်းရဲ့ အိမ်ကွင်းက ပရိသတ် ၇ သောင်းခန့်ဝင်ဆံ့တာ ကြောင့် ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ၇၀၀၀ ခန့် ဝင်ရောက်ကြည့်ရှုခွင့်ရမယ်လို့ သိရပါတယ်။  ဥရောပတိုက်မှာ ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်ပေးထားတဲ့လိဂ်က ဘဲလားရုစ်နိုင်ငံ တနိုင်ငံသာရှိပြီး ရုရှားကတော့ အကန့်အသတ် နဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာဖြစ်ပါတယ်။
2 years Ago
Up