close

ရုရှားအတိုက်အခံ

close

April 23, 2023

ရုရှားအတိုက်အခံကို ထောင်ချမှု အရှက်ကင်းမဲ့ဟုဝေဖန်

ရုရှားအတိုက်အခံ ဗလာဒီမီယာခါရာမာဇာကို ထောင်ဒဏ် ၂၅နှစ် ချမှတ်တာဟာ တရားမဝင်ဘဲ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်လို့  ရုရှသမ္မတကို ဝေဖန်လို့ အကျဉ်းချခံထားရတဲ့ ဝေဖန်ရေးဆရာ အလက်ဇီ နာဗယ်ညီ က ပြောလိုက်ပါတယ်။

ခါရာမာဇာကို မော်စကိုတရားရုံးက တနင်္လာနေ့မှာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ဒါဟာ ရုရှားနိုင်ငံကနေ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက် အပြင်းထန်ဆုံး စီရင်ချက် ဖြစ်ပါတယ်။

ခါရာမာဇာကို နိုင်ငံရေးအရ လှုံ့ဆော်မှုနဲ့ တရားရုံးတင်စစ်ဆေးအပြီး သစ္စာဖောက်မှုနဲ့ တခြား ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ အကွက်ရွှေ့တာလို့ ခါရာမာဇာက ပြောပါတယ်။

ရုရှားနဲ့ ဗြိတိန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး ကလေး ၃ ယောက်အဖေ အသက် ၄၁ နှစ်အရွယ် အတိုက်အခံ နိုင်ငံရေးသမား ခါရာမာဇာဟာ သမ္မတ ဗလာဒီမာပူတင်ကို နှစ်ပေါင်းများစွာ ဆန့်ကျင်ပြောဆိုခဲ့သူပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ရုရှားအစိုးရနဲ့  ရုရှားနိုင်ငံသား တစ်ဦး ချင်းစီ အပေါ် ပိတ်ဆို့ အရေးယူဖို့ အနောက်တိုင်းအစိုးရတွေကို အောင်အောင်မြင်မြင် စည်းရုံးခဲ့ပါတယ်။

ခါရာမာဇာကို ထောင်ဒဏ် ၂၅ နှစ်ချမှတ်ဖို့ တောင်းဆိုတဲ့ နိုင်ငံတော်အစိုးရရှေ့နေတွေက သူ့ကို နိုင်ငံတော်သစ္စာဖောက်မှု၊ ရုရှားစစ်တပ်ကို အသရေပျက်စေမှုနဲ့ တခြားပြစ်မှုတွေနဲ့ စွပ်စွဲခဲ့တာပါ။

ယူကရိန်းမှာ "အထူးစစ်ရေး စစ်ဆင်ရေး" အတွင်း အပြုအမူနဲ့ ပတ်သက်ပြီး "သိလျက်နဲ့ သတင်းအချက် အလက် အမှားတွေ" ကို ဖြန့်ဝေတယ်လို့လည်း စွပ်စွဲ ထားပါတယ်။

ဒီစီရင်ချက်ဟာ ၁၉၉၉ ခုနှစ် ပူတင်အာဏာရလာပြီးနောက် သမ္မတကို ဝေဖန်သူတဦးကို ချမှတ်တဲ့ အပြင်းထန်ဆုံးပြစ်ဒဏ်လည်း ဖြစ်ပါတယ်။

16 mins Ago

March 23, 2022

ရုရှားအတိုက်အခံ နာဗယ်ညီ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ

ပူတင်အစိုးရကို နှစ်အတော်ကြာ ဝေဖန်နေတဲ့ ထင်ရှားတဲ့ အတိုက်အခံ အလက်ဇီနာဗယ်ညီကို ရုရှားတရားရုံးက လိမ်လည်မှု၊ တရားရုံး မထီမဲ့မြင်ပြုမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ပါတယ်။ နာဗယ်ညီရဲ့ ရှေ့နေနှစ်ဦးကိုလည်း ရဲက ဖမ်းဆီးလိုက်ပါတယ်။
တရားရုံးက နာဗယ်ညီကို နိုင်ငံရေး လှုံ့ဆော်မှုအတွက် ရူဘယ်ငွေ ၁ ဒသမ ၂ သန်း (ဒေါ်လာ ၁၁,၅၃၅) လည်း ဒဏ်ရိုက်ခဲ့တာပါ။ နာဗယ်ညီက သူ့မှာ အပြစ်မရှိကြောင်း ပြောပြီး တရားရုံး ဆုံးဖြတ်ချက် အားလုံးကို ငြင်းဆန်ပါတယ်။
ရှေ့နေတဦးလည်းဖြစ်တဲ့ နာဗယ်ညီဟာ ပူတင်အစိုးရရဲ့ အဂတိလိုက်စားမှုတွေကို ယူကျုဗွီဒီယိုပေါ်ကနေ ပြောင်ပြောင်တင်းတင်း ဝေဖန်လေ့ရှိပြီး ပုံမှန်ကြည့်ရှုသူ ၆ သန်းကျော် ရှိပါတယ်။
၂၀၂၀ ဩဂုတ်လက သမ္မတပူတင်ရဲ့ လျှို့ဝှက် အဆိပ်ခတ်လုပ်ကြံမှု ခံရတာကြောင့် ဂျာမနီမှာ လအနည်းငယ် ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ဆေးဝါးကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီလို ဆေးကုသမှုခံယူပြီး မော်စကိုကို ပြန်လာတဲ့အချိန် လေဆိပ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

1 year Ago
Up