close

ရုရှားအသင်း

close

March 24, 2023

ယူရိုခြေစစ်ပွဲမှ ထုတ်ပယ်ခံရသည့် ရုရှားအသင်း အီရန်နှင့် ခြေစမ်းပွဲကစား

ယူရို ၂၀၂၄ ခြေစစ်ပွဲကနေ ထုတ်ပယ်ခံထားရတဲ့ ရုရှားဘောလုံးအသင်းဟာ မတ်လ ၂၃ ရက်က အီရန်အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို ကျူးကျော်ပြီးနောက်ပိုင်း ဆိုဗီယက်ယူနီယံ နိုင်ငံဟောင်းတွေနဲ့သာ ခြေစမ်းကစားခဲ့ရတဲ့ ရုရှားအသင်းဟာ ဆိုဗီယက်နိုင်ငံ ဟောင်းမဟုတ်တဲ့  တခြားနိုင်ငံအသင်း တစ်သင်းနဲ့ ပထမဆုံးအကြိမ် ခြေစမ်းကစားခဲ့တာပါ။

အီရန်မြို့ တောင်တီဟီရန်မှာကစားခဲ့တဲ့ အဲဒီခြေစမ်းပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ရုရှားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်မှာလည်း ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အပြင် ဥရောပဘောလုံးအဖွဲ့ချုပ်ကလည်း ရုရှားအသင်းကို ပြိုင်ပွဲကစား ခွင့်ပိတ်ပင်ခဲ့တာပါ။

ရုရှားအသင်းဟာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ကာလတွေအတွင်းမှာ ဆိုဗီယက် နိုင်ငံဟောင်းတွေဖြစ်တဲ့ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန် အသင်းတွေနဲ့ ခြေစမ်းကစားခဲ့ပါသေးတယ်။

3 mins Ago

May 9, 2022

ရုရှားအသင်းကို ၅ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ယူကရိန်းနည်းပြ တိုက်တွန်း

ရုရှားဘောလုံးအသင်းကို ၅ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်သင့်ကြောင်း ယူကရိန်းဘောလုံး လက်ရွေးစင် နည်းပြပက်ထရာကော့ဗ်က ပြောပါတယ်။ 

ဖီဖာဟာ လက်တလောမှာတော့ ရုရှားလက်ရွေးစင်အသင်း အပါအဝင် ကလပ်အသင်းတွေအားလုံးကို အနီးစပ်ဆုံးပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားခွင့်ပိတ်ပင်ထားသလို တခြားအားကစားနည်းအားလုံးကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုပါဘူး။ 

ဒါပေမဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီး ယူကရိန်းပြည်သူတွေကို သတ်ဖြတ်ကာ မြို့ကြီးတွေကို ဖျက်ဆီးနေတာကြောင့် အပြစ်ပေးအရေးယူဖို့ လိုအပ်တယ်လို့ ယူကရိန်းအသင်းနည်းပြက ပြောပါတယ်။ 

“သူတို့က ကျနော်တို့ အမျိုးသမီးတွေ၊ ကလေးတွေကို သတ်ဖြတ်နေပြီး၊ မြို့တွေကိုလည်း ဖျက်ဆီးနေတယ်။ ဒါကြောင့် အားကစားမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိသင့်ပါဘူး။ သူတို့ကို အနည်းဆုံး ၅ နှစ်လောက် ပွဲပယ်ပြစ်ဒဏ်ချမှတ်သင့်တယ်။ တနှစ်လောက်ပဲ ပြစ်ဒဏ်ချတာက မလုံလောက်ပါဘူး။ သူတို့ရဲ့ ရန်လိုမှုကို မတားဆီးနိုင်ဘူးဆိုရင် တခြားဥရောပရဲ့ အစိတ်အပိုင်းတွေအထိ ရောက်လာလိမ့်မယ်” လို့ ယူကရိန်းနည်းပြက ပြောပါတယ်။

ယူကရိန်းလက်ရွေးစင်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အနေနဲ့ စကော့တလန်နဲ့ ကစားဖို့ရှိပြီး ဆလိုဗေးနီးယားနိုင်ငံမှာ လေ့ကျင့်နေပါတယ်။

11 months Ago
Up