ယူရိုခြေစစ်ပွဲမှ ထုတ်ပယ်ခံရသည့် ရုရှားအသင်း အီရန်နှင့် ခြေစမ်းပွဲကစား

ယူရို ၂၀၂၄ ခြေစစ်ပွဲကနေ ထုတ်ပယ်ခံထားရတဲ့ ရုရှားဘောလုံးအသင်းဟာ မတ်လ ၂၃ ရက်က အီရန်အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကို ကျူးကျော်ပြီးနောက်ပိုင်း ဆိုဗီယက်ယူနီယံ နိုင်ငံဟောင်းတွေနဲ့သာ ခြေစမ်းကစားခဲ့ရတဲ့ ရုရှားအသင်းဟာ ဆိုဗီယက်နိုင်ငံ ဟောင်းမဟုတ်တဲ့ တခြားနိုင်ငံအသင်း တစ်သင်းနဲ့ ပထမဆုံးအကြိမ် ခြေစမ်းကစားခဲ့တာပါ။
အီရန်မြို့ တောင်တီဟီရန်မှာကစားခဲ့တဲ့ အဲဒီခြေစမ်းပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ရုရှားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်မှာလည်း ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အပြင် ဥရောပဘောလုံးအဖွဲ့ချုပ်ကလည်း ရုရှားအသင်းကို ပြိုင်ပွဲကစား ခွင့်ပိတ်ပင်ခဲ့တာပါ။
ရုရှားအသင်းဟာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ကာလတွေအတွင်းမှာ ဆိုဗီယက် နိုင်ငံဟောင်းတွေဖြစ်တဲ့ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန် အသင်းတွေနဲ့ ခြေစမ်းကစားခဲ့ပါသေးတယ်။