close

ရေကြီး ရေလျှံ

close

August 15, 2022

ထိုင်းမြောက်ပိုင်း နယ်စပ်ဒေသများတွင် ရေကြီး ရေလျှံ

ထိုင်း-မြန်မာနယ်စပ်မှာ  ဆည်ကျိုးအပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ သြဂုတ် ၁၃ ရက်က ရေကြီး ရေလျှံခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ထိုင်းမြောက်ပိုင်း မယ်ဆိုင်ခရိုင်တဝိုက်က အိမ်တွေထဲမှာ သောင်တင်နေတဲ့ ရေဘေးဒုက္ခသည်တွေအတွက် အစားအစာဖြန့်ဝေဖို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ရေမြုပ်နေတဲ့ လမ်းတွေပေါ်မှာ သွားလာနေကြတာကို ထိုင်းရုပ်သံလိုင်း TPBS က ရုပ်သံ ရိုက်ကူး ထုတ်လွှင့် ခဲ့ပါတယ်။

မြန်မာနိုင်ငံနယ်စပ် တာချီလိတ်မြို့မှာလည်း ရေကြီးရေလျှံခဲ့ပေမယ့် အသေအပျောက်သတင်းတွေ မရှိပါဘူး။

အပူပိုင်းမုန်တိုင်း မူလန် ဖြတ်သန်းတိုက်ခတ်လို့ မိုးသည်းထန်ရွာသွန်းခဲ့တဲ့အတွက် ထိုင်း-မြန်မာနယ်စပ်က ဆည်ကြီး ရေလျှံခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

သက်ဆိုင်ရာက ဆည်ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး  ညဘက်မှာ ရေတွေ ပြန်ကျလာပေမဲ့ ရေပြန်မတက်လာတာ သေချာအောင် ဒေသခံတွေက သတိထားစောင့်ကြည့်နေကြပါတယ်။

Photo-PEA Maesai

2 hours Ago

July 1, 2022

ထိုင်းမြောက်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံ တံတားကျိုးကျ

ထိင်းနိုင်ငံမှာ ဇွန် ၃၀ ရက်နဲ့ ဇူလိုင် ၁ ရက်အတွင်း ခရိုင်အတော်များများမှာ မိုးတွေရွာပြီး ခရိုင်တချို့မှာတော့  မိုးသည်းထန်လို့ တံတားကျိုးကျတာ ၊ ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ ဖာဝေါင်ကျေးရွာအုပ်စုထဲမှာဆိုရင်   အမှတ် ၁  မဲ့ဆမတ်ချောင်းကူးတံတား ကျိုးကျသွားခဲ့တယ်လို့ မယ်ဟောင်ဆောင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့ညက တညလုံးမိုးသည်းထန်ကာ မဲ့ဆမတ်ချောင်းရေမြင့်တက်လာလို့ ဒီကနေ့ မနက်စောစောမှာတော့ ဖာဘောင်ကျေးရွာရှိ မဲ့ဆမတ်တံတား  ကျိုးကျပျက်စီးသွားပြီး ဒီကနေ့မနက်စောစော တံတား တဘက်တချက်က ကားနဲ့ ဆိုင်ကယ်တွေ ယာဉ်ကြောပိတ်မိသွားခဲ့ပါတယ်။

လက်ရှိ တံတားပြန်ကောင်းစေဖို့ သက်ဆိုင်ရာက အမြန်ပြန်လည်ပြုပြင်နေပြီး လောလောဆယ်  မဲ့တိုင်နဲ့ မယ်ဟောင်ဆောင်မြို့နယ်ကြားရှိ ကီလိုမီတာအမှတ် ၁၀၉၅ လမ်းနဲ့ ပိုင်း - ချင်းမိုင် လမ်းမကြီးကို အသုံးပြုဖို့ သက်ဆိုင်ရာက အသိပေးကြေညာထားပါတယ်။ 

ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာန ထုတ်ပြန်ချက်အရ ဇွန် ၂၉ မှ ဇူလိုင် ၁ ရက်နေ့အတွင်း ထိုင်းမြောက်ပိုင်း ချင်းရိုင်း၊ ဖယောင်း၊ မယ်ဟောင်ဆောင် စတဲ့ ခရိုင် ၃ ခုထဲမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြို့နယ် ၃ ခု ကျေးရွာအုပ်စု ၇ ခု ရပ်ကွက်နဲ့ကျေးရွာ ၁၅ ခုထဲမှာ ရေကြီးရေလျှံခဲ့တယ်လို့ ဆိုပါတယ်။ 

ချင်းရိုင်းခရိုင်မှာဆိုရင် ချင်းမိုင်ခရိုင်သွားလမ်း ဝိန်းပါပေါက်မြို့နယ်ထဲမှာ အိမ်ထောင်စု ၁၈ စုရေဘေးသင့်ခဲ့ကြောင်း၊ ဖယောင်းမြို့နယ် ချိန်းမွန့်အုပ်စုထဲမှာ အိမ်ထောင်စု ၃ စု နဲ့ မယ်ဟောင် ဆောင်မှာ ရပ်ကွက် ၂ ခုထဲက အိမ်ခြေ ၅ လုံးရေဘေးသင့်ခဲ့ကြောင်း ၊ ဒီကနေ့ ဇူလိုင် ၁ ရက် ညနေပိုင်းမှာတော့ ရေတွေပြန်ကျသွားပါတယ်။ 

ထိုင်းနိုင်ငံမှာ တောင်တရုတ်ပင်လယ်မှ ချဘား ( CHABA  ) အမည်ရှိ မုန်တိုင်းဝင်လို့ ဇွန် ၃၀ မှ ဇူလိုင် ၂ ရက်အတွင်း ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း ၊ အလယ်ပိုင်း၊ အရှေ့တောင်ပိုင်း ၊ အနောက်တောင်ပိုင်းနဲ့တကွ ဘန်ကောက်အနီးတဝိုက်မှာ မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း  ၆၀ မှ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။ 

ကိုးကား - https://www.tmd.go.th/daily_forecast.php

1 month Ago
Up