close

ရေငုပ်သမား

close

March 16, 2023

ရေငုပ်သမား ဒေးဗစ်ဗန်ကယ် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်

အလွတ်ရေငုပ်သမား ဒေးဗစ်ဗန်ကယ်ဟာ မတ်လ ၁၄ ရက်က ဆွစ်ဇာလန်နိုင်ငံ စေးလ်ရေကန်ရဲ့ အပူချိန် ၁ မှ ၄ ဒီဂရီ စင်တီဂရိတ်ကြား အေးခဲနေတဲ့ ရေခဲပြင်အောက်ကို ရေငုပ်ဝတ်စုံမပါဘဲ ပေ ၁၇၀ (၅၂ ဒသမ ၁ မီတာ) အနက်ထိ ခုန်ဆင်းပြီး ၁ မိနစ် ၅၄ စက္ကန့်ကြာချိန်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ဗန်ကယ်ဟာ ရေငုပ်ပြီးနောက် မိနစ်အနည်းငယ်ထိုင်ကာ ရှန်ပိန်ပုလင်းကိုဖွင့်ပြီး အောင်ပွဲခံခဲ့ပါတယ်။

ဗန်ကယ်ရဲ့ ကြိုးပမ်းမှုက မျှော်လင့်တာထက် အနည်းငယ်နှေးကွေးတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကားလို့စ်က ပြောပါတယ်။

“သူပျော်နေပေမဲ့ ခါတိုင်းထက် အနည်းငယ် ပိုစိတ်လှုပ်ရှားနေပြီး အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတချို့ ရှိနေတာ ဝန်ခံပါတယ်။ ရေအေးထဲမှာနေဖို့က သူ့အတွက် ဘာမှ မခက်ပါဘူး။ အောက်ဆီဂျင်ချို့တဲ့တာက‌လည်း သူ့အတွက် ပုံမှန်ပါပဲ။ ဒါပေမဲ့ ရေအေးထဲမှာ နားကို ဖိအားနဲ့ လုပ်ဆောင်ရတာက တကယ်ကို ခက်ခဲတာကြောင့် ဒါဟာ လုံးဝကို ကွဲပြားပါတယ်။”

ဗန်ကယ်ရဲ့ခန္ဓာကိုယ်ဟာ စံချိန်ချိုးဖို့ ကြိုးပမ်းမှုမှာ ပြင်းထန်စွာ ထိခိုက်မှုမရှိကြောင်း ဆေးရုံက အတည်ပြုပြီးမှသာ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူက ၂၀၂၁ ခုနှစ်မှာလည်း ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ မှတ်တမ်းတင်ထားခဲ့တာဖြစ်ပြီး မှတ်တမ်းကတော့ ပရာ့ဂ်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာမှာရှိတဲ့ လိုဟို့စ်ရှိ ကျောက်မိုင်းတခုမှာ အပူချိန် ၃ ဒီဂရီစင်တီဂရိတ်မှာ ၂၆၅ ပေ (၈၁ မီတာနီးပါး) နဲ့ ရေကူးစံချိန် တင်ခဲ့ဖူးပါတယ်။

7 mins Ago

May 12, 2022

ကန်ဒေါ်လာ ၁၄ သန်းခန့် တန်ဖိုးရှိ ကိုကင်းများ ဩစတြေးလျရဲတပ်ဖွဲ့ သိမ်းဆည်းရမိ

အမေရိကန်ဒေါ်လာ ၁၄ သန်းလောက် တန်ဖိုးရှိတဲ့ ကိုကင်း အလေးချိန် ပေါင် ၁၁၀ ကို နယူးဆောက်သ်ဝေးပြည်နယ် မြစ်ကမ်းပါးမှာ သောင်တင် သတိလစ်နေတဲ့ ရေငုပ်သမား တယောက်ရဲ့ အနားမှာ ဩစတြေးလျရဲတွေက တွေ့ခဲ့ကြပြီး စုံစမ်းစစ်ဆေးနေပါတယ်။

တန်ဖိုးကြီး ရေငုပ်ဝတ်စုံ ဝတ်ထားပြီး သတိလစ်နေတဲ့ အမျိုးသားတယောက်ကို နယူးကတ်စ်တယ်မြို့က ဟန့်တာမြစ်နားမှာ တွေ့ခဲ့တာလို့ နယူးဆောက်သ်ဝေး ရဲတပ်ဖွဲ့က ပြောပါတယ်။

သူ့နားမှာ ကိုကင်းလို့ သံသယရှိတဲ့ အဖြူမှုန့်တွေ ထည့်ထားတဲ့ အထုပ်အတော်များများကို တွေ့ခဲ့တာဖြစ်ပြီး ရေငုပ်သမား ဘယ်သူဆိုတာ ရဲတွေက မဖော်ထုတ်နိုင်သေးပါဘူး။

အခင်းဖြစ်ရာနေရာနားမှာ ကျောက်ချထားတဲ့ နိုင်ငံခြားမှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောတစီးကို စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ပြီး သင်္ဘောသားတွေနဲ့ စကားပြောခဲ့တယ်လို့ ရဲက ပြောပါတယ်။

သင်္ဘောနားမှာ မေ ၈ ရက်က လှေငယ် ၂ စီးကို မြင်ခဲ့ကြောင်း၊ သူတို့ ဘယ်သူတွေဆိုတာ ဖော်ထုတ်ရာမှာ ကူညီဖို့ အာဏာပိုင်တွေက ပြည်သူတွေကို တောင်းဆိုထားပါတယ်။

10 months Ago
Up