ကန်ဒေါ်လာ ၁၄ သန်းခန့် တန်ဖိုးရှိ ကိုကင်းများ ဩစတြေးလျရဲတပ်ဖွဲ့ သိမ်းဆည်းရမိ

အမေရိကန်ဒေါ်လာ ၁၄ သန်းလောက် တန်ဖိုးရှိတဲ့ ကိုကင်း အလေးချိန် ပေါင် ၁၁၀ ကို နယူးဆောက်သ်ဝေးပြည်နယ် မြစ်ကမ်းပါးမှာ သောင်တင် သတိလစ်နေတဲ့ ရေငုပ်သမား တယောက်ရဲ့ အနားမှာ ဩစတြေးလျရဲတွေက တွေ့ခဲ့ကြပြီး စုံစမ်းစစ်ဆေးနေပါတယ်။
တန်ဖိုးကြီး ရေငုပ်ဝတ်စုံ ဝတ်ထားပြီး သတိလစ်နေတဲ့ အမျိုးသားတယောက်ကို နယူးကတ်စ်တယ်မြို့က ဟန့်တာမြစ်နားမှာ တွေ့ခဲ့တာလို့ နယူးဆောက်သ်ဝေး ရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့နားမှာ ကိုကင်းလို့ သံသယရှိတဲ့ အဖြူမှုန့်တွေ ထည့်ထားတဲ့ အထုပ်အတော်များများကို တွေ့ခဲ့တာဖြစ်ပြီး ရေငုပ်သမား ဘယ်သူဆိုတာ ရဲတွေက မဖော်ထုတ်နိုင်သေးပါဘူး။
အခင်းဖြစ်ရာနေရာနားမှာ ကျောက်ချထားတဲ့ နိုင်ငံခြားမှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောတစီးကို စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ပြီး သင်္ဘောသားတွေနဲ့ စကားပြောခဲ့တယ်လို့ ရဲက ပြောပါတယ်။
သင်္ဘောနားမှာ မေ ၈ ရက်က လှေငယ် ၂ စီးကို မြင်ခဲ့ကြောင်း၊ သူတို့ ဘယ်သူတွေဆိုတာ ဖော်ထုတ်ရာမှာ ကူညီဖို့ အာဏာပိုင်တွေက ပြည်သူတွေကို တောင်းဆိုထားပါတယ်။