close

ရေလှောင်ကန်

close

March 26, 2023

ပြင်သစ်တွင် ရေလှောင်ကန်ဆောက်မှုအား ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

ပြင်သစ်နိုင်ငံအနောက်ပိုင်းမှာ လယ်ယာစိုက်ပျိုးရေးအတွက် ကြီမားတဲ့ ရေလှောင်ကန်တခု တည်ဆောက်မှုနဲ့ ပတ်သက်ပြီး မတ် ၂၅ ရက်က ဆန့်ကျင်ဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း အလားတူဆန္ဒပြပွဲတခုကြောင့် လူထိခိုက်မှုရှိခဲ့တဲ့ စန့်ဆိုလင်း ကျေးလက်ခရိုင်က ရေလှောင်ကန်နေရာမှာ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေ စုစည်း ခဲ့ကြတာဖြစ်ပါတယ်။ 

ဒီခရိုင်မှာပဲ လူထုစုဝေးခွင့်တားမြစ်ချက်အပေါ် အာခံဖီဆန်သူတွေက ပြီးခဲ့တဲ့ စနေနေ့မှာ ချီတက်ဆန္ဒပြခဲ့ကြပါသေးတယ်။ 

ခြံစည်းရိုးခတ်ထားတဲ့ ဆောက်လုပ်ရေးဧရိယာဆီ သွားရောက်ဖို့ ရဲတပ်ဖွဲ့က စိုက်ပျိုးခင်းတွေကို ဖြတ်သန်းနေစဉ်မှာပဲ မီးကျည်တွေ၊ အခြားပစ္စည်းတွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့ ဆန္ဒပြသူအချို့ကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ်ခတ်ကာ တုံ့ပြန်နှိမ်နင်းခဲ့ပါတယ်။ 

ရုပ်သံမှတ်တမ်းတွေအရ အနည်းဆုံး ရဲကား ၂ စီး မီးလောင်ပျက်စီးသွားတာကို တွေ့ရပါတယ်။

ပြည်ထဲရေးဝန်ကြီး ဂျရယ် ဒါမန်နန်ကတော့ အစိုးရအနေနဲ့ ဒီဆန္ဒပြပွဲအတွက် ရဲတပ်ဖွဲ့ဝင် ၃ ထောင်ကျော်ကို နေရာချထားတယ်လို့ ဆိုပါတယ်။ 

ပြင်သစ်နိုင်ငံမှာ ပင်စင်သက်တမ်း ပြုပြင်ပြောင်းလဲမှုအပေါ် ဆန်ကျင်တဲ့ ရက်သတ္တပတ် များစွာကြာ ဆန္ဒပြ ဖြစ်ရပ်တွေနောက်ပိုင်း ဒီဆည်မြောင်းစီမံကိန်းအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေက နောက်ထပ်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ 

အစိုးရက ပါလီမန်လွှတ်တော်မှာ နောက်ဆုံးမဲခွဲဆုံးဖြတ်မှုမပါဝင်ဘဲ ပင်စင်ဥပဒေပြဋ္ဌာန်းဖို့ တွန်းအားပေးခဲ့တဲ့အတွက် ဒီကိစ္စအပေါ် ဆန္ဒပြမှုတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။

7 mins Ago

January 27, 2023

တူရကီတွင် ခရီးသည်တင်ဘတ်စ်ကား ရေလှောင်ကန်အတွင်း ထိုးကျ

တူရကီနိုင်ငံမှာ ခရီးသည် ၇ ဦးကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ ဇန်နဝါရီ ၂၅ ရက်က ယာဉ်မောင်းက စတီယာရင် မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့ပြီးနောက် ရေလှောင်ကန်ထဲကို ထိုးကျသွားခဲ့ပါတယ်။

တူရကီနိုင်ငံအရှေ့ပိုင်း မာလတ်ယာမြို့ရှိ မြူနီစီပယ်ဘတ်စ်ကားဟာ ဆည်ရေကန်ကို ဖြတ်ကူးဖို့ ကူးတို့သင်္ဘောပေါ် တက်နေချိန်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

ဘတ်စ်ကားအတွင်းမှ CCTV မှတ်တမ်းတွေအရ ဘတ်စ်ကား ပြုတ်ကျပြီးနောက် ကားထဲကို ရေတွေလျှံတက်လာခဲ့လို့ ယာဉ်မောင်းနဲ့ ခရီးသည်တွေ ထိတ်လန့်တကြား ဖြစ်နေတာကို မြင်တွေ့ရပါတယ်။

ဒီဖြစ်စဉ်မှာ လူသေဆုံးမှုမရှိကြောင်းနဲ့ ခရီးသည်သုံးဦးကို ဆေးရုံတင်ထားပြီးတော့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

2 months Ago
Up