ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဖိုးလေးကျေးရွာမှာ ဇွန် ၂၈ နေ့က RDT Test Kit နဲ့ စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ယောက်စတင်တွေ့ရှိခဲ့ပါတယ်။
" COVID-19 positive case 302 နဲ့ 303ကို အခုတော့သွားခေါ်နေပါပြီ ခရီးသွား ရာဇဝင်ကတော့ ပုသိမ်ကပြန်လာတယ်လို့ သိရတယ်။ Covid Positive ဖြစ်တဲ့သူတွေကို ဆေးရုံမှာ ထားဖို့စီစဉ်နေတယ်။ သူတို့နဲ့ထိစပ်ခဲ့သူတွေကိုတော့ ဘုရားထဲမှာထားဖို့ ယာယီ စီစဉ်ထားပါတယ်။ ဘယ်မှာထားမယ်ဆိုတာ တိတိကျကျတော့ ပြောလို့မရနိုင်သေးဘူး”လို့ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အရင်က ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ဘိုကလေးကုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသပေးခဲ့ပြီး ကွာရန်တင်းစင်တာကိုတော့ အောင်စကြာ ဘုရားဝင်းအတွင်းရှိ တန်ဆောင်းတွေ၊ အမှတ် ၁ နဲ့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ခန်းတွေနဲ့ မြို့နယ် အားကစားခန်းမတို့မှာ ဖွင့်လှစ် ပေးခဲ့ပါတယ်။