close

ဘိုကလေးမြို့နယ်၌ ကိုဗစ်တတိယလှိုင်းကာလ ရောဂါပိုးရှိသူ ၂ ဦး စတင်တွေ့ရှိ

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဖိုးလေးကျေးရွာမှာ   ဇွန် ၂၈ နေ့က RDT Test Kit နဲ့ စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ယောက်စတင်တွေ့ရှိခဲ့ပါတယ်။

" COVID-19 positive case 302 နဲ့ 303ကို အခုတော့သွားခေါ်နေပါပြီ ခရီးသွား ရာဇဝင်ကတော့ ပုသိမ်ကပြန်လာတယ်လို့ သိရတယ်။ Covid Positive ဖြစ်တဲ့သူတွေကို ဆေးရုံမှာ ထားဖို့စီစဉ်နေတယ်။ သူတို့နဲ့ထိစပ်ခဲ့သူတွေကိုတော့ ဘုရားထဲမှာထားဖို့ ယာယီ စီစဉ်ထားပါတယ်။ ဘယ်မှာထားမယ်ဆိုတာ တိတိကျကျတော့ ပြောလို့မရနိုင်သေးဘူး”လို့ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အရင်က ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ဘိုကလေးကုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသပေးခဲ့ပြီး ကွာရန်တင်းစင်တာကိုတော့  အောင်စကြာ ဘုရားဝင်းအတွင်းရှိ တန်ဆောင်းတွေ၊ အမှတ် ၁ နဲ့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ခန်းတွေနဲ့ မြို့နယ် အားကစားခန်းမတို့မှာ ဖွင့်လှစ် ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up