close

ရောင်းချမည်

close

November 23, 2022

ဂလေဇာမိသားစုက မန်ယူနိုက်တက်ကို ရောင်းချမည် 

မန်ချက်စတာယူနိူက်တက် အသင်းကို အသင်းပိုင်ရှင် ဂလေဇာ မိသားစုက ရောင်းချဖို့ စဉ်းစားနေတယ်လို့ အသင်းက ထုတ်ပြန်ပါတယ်။

အသင်းအနေနဲ့ ဗျုဟာမြောက် ရွေးချယ်စရာတွေကိုလည်း ထည့်သွင်း စဉ်းစားမယ်လို့ ဆိုထားပါတယ်။

အဲဒီထဲမှာ အသင်းကို ရင်းနှီးမြှပ်နှံမှု အသစ်တွေ လုပ်တာ၊ ရောင်းချတာနဲ့ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ လွှဲပြောင်းတာတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဘီလျံနာ  ဂလေဇာ မိသားစုဟာ မန်ယူနိုက်တက်ကို ပေါင် ၁ ဒသမ ၃၄ ဘီလီယံနဲ့ ၂၀၀၅ ခုနှစ်မှာ ဝယ်ယူခဲ့တာပါ။

အသင်းကို စဝယ်တုန်းကတည်းက ပရိတ်သတ်တွေက ဂလေဇာမိသားစုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတာတွေ အခုအချိန်အထိ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။

အသင်းနဲ့ လမ်းခွဲသွားပြီဖြစ်တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ဂလေဇာ မိသားစုဟာ ယူနိူက်တက်ကို ဂရုစိုက်မှု မရှိတာကြောင့် ထိပ်တန်းအသင်းအဆင့် ပြန်ရောက်ဖို့ ခက်ခဲကြောင်း ဝေဖန်အပြီးမှာပဲ အသင်းကို ရောင်းချဖို့ ပိုင်ရှင်ဘက်က စဉ်းစားလာတာပါ။

ဂလေဇာ မိသားစုဟာ မန်ယူအသင်းရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းလောက်ကိုတော့ ၂၀၁၂ မှာ ရောင်းချထားပါတယ်။

14 mins Ago

September 10, 2020

ရီးရဲလ်အသင်းက ဂါရတ်ဘေးလ်ကို ပေါင် ၂၂ သန်းဖြင့် ရောင်းချမည်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂါရတ်ဘေးလ်ကို ပေါင် ၂၂ သန်းလောက်နဲ့ ရောင်းချသွား တော့မယ်လို့ သိရပါတယ်။  ဝေးလ်လက်ရွေးစင် ဂါရတ်ဘေးလ်ဟာ နည်းပြဇီဒန်းနဲ့ အဆင်မပြေဖြစ်နေပြီး ပြီးခဲ့တဲ့ ရာသီက  လာလီဂါ ၁၆ ပွဲသာ ကစားခွင့် ရရှိခဲ့တာပါ။   လုပ်ခလစာ များပြားတဲ့ ဘေးလ်ကို ရောင်းချချင်တာကြောင့် ပေါင် ၂၂ သန်းပေး ချေမယ်ဆိုရင် တခြားအသင်းတသင်းကို ရောင်းချဖို့ ရီးရဲလ်ဘက်က ဆုံးဖြတ်ထားတယ်လို့ သိရ ပါတယ်။  ဂါရတ်ဘေးလ်ကို မန်ယူအသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူး ပြီး ယူနိုက်တက်အသင်းက သူ့ရဲ့လုပ်ခကို ပေးချေနိုင်တဲ့ အသင်းတွေထဲက တသင်းဖြစ်တယ်လို့ ဆိုပါတယ်။  ရီးရဲလ်အသင်းဟာ ကစားသမားတွေအတွက် တနှစ်လုပ်ခစုစုပေါင်း ပေါင်သန်း ၃၀၀ ကျော်အထိ ပေးချေနေရလို့ လုပ်ခ လျော့ချဖို့ ဆန္ဒရှိနေတာပါ။  လုပ်ခများပြားတဲ့ ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်ဇ်ကိုလည်း အဲဗာတန်အသင်းဆီပေါင် သန်း ၂၀ နဲ့ ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ 
2 years Ago
Up