close

ဂလေဇာမိသားစုက မန်ယူနိုက်တက်ကို ရောင်းချမည် 

မန်ချက်စတာယူနိူက်တက် အသင်းကို အသင်းပိုင်ရှင် ဂလေဇာ မိသားစုက ရောင်းချဖို့ စဉ်းစားနေတယ်လို့ အသင်းက ထုတ်ပြန်ပါတယ်။

အသင်းအနေနဲ့ ဗျုဟာမြောက် ရွေးချယ်စရာတွေကိုလည်း ထည့်သွင်း စဉ်းစားမယ်လို့ ဆိုထားပါတယ်။

အဲဒီထဲမှာ အသင်းကို ရင်းနှီးမြှပ်နှံမှု အသစ်တွေ လုပ်တာ၊ ရောင်းချတာနဲ့ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ လွှဲပြောင်းတာတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဘီလျံနာ  ဂလေဇာ မိသားစုဟာ မန်ယူနိုက်တက်ကို ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံနဲ့ ၂၀၀၅ ခုနှစ်မှာ ဝယ်ယူခဲ့တာပါ။

အသင်းကို စဝယ်တုန်းကတည်းက ပရိတ်သတ်တွေက ဂလေဇာမိသားစုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတာတွေ အခုအချိန်အထိ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။

အသင်းနဲ့ လမ်းခွဲသွားပြီဖြစ်တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ဂလေဇာ မိသားစုဟာ ယူနိူက်တက်ကို ဂရုစိုက်မှု မရှိတာကြောင့် ထိပ်တန်းအသင်းအဆင့် ပြန်ရောက်ဖို့ ခက်ခဲကြောင်း ဝေဖန်အပြီးမှာပဲ အသင်းကို ရောင်းချဖို့ ပိုင်ရှင်ဘက်က စဉ်းစားလာတာပါ။

ဂလေဇာ မိသားစုဟာ မန်ယူအသင်းရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းလောက်ကိုတော့ ၂၀၁၂ မှာ ရောင်းချထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up