close

ရောမ

close

January 16, 2022

ရောမမြို့တွင် ကိုဗစ်စည်းကမ်း တင်းကျပ်သည့်အပေါ် လူထောင်ချီဆန္ဒပြ

အီတလီနိုင်ငံ၊ ရောမမြို့မှာ အစိုးရရဲ့ ကိုဗစ်-၁၉ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကို ဇန်နဝါရီ ၁၅ ရက်က  လူထောင်ချီ ကန့်ကွက် ဆန္ဒပြခဲ့ပြီး လူ့အခွင့်အရေးနဲ့ ကာကွယ်ဆေးမထိုးဘဲ နေထိုင်ခွင့်ကို တောင်းဆိုခဲ့ ကြပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ဝန်ကြီးချုပ် မာရီယိုဒရက်ဂီရဲ့အစိုးရက အသက် ၅၀ အထက် လူတိုင်း ကာကွယ်ဆေး မထိုးမနေရ သတ်မှတ်ခဲ့ပြီး စားသောက်ဆိုင်၊ ဈေးဆိုင်တွေနဲ့ အများပြည်သူ ခရီးသွားလာတဲ့ယာဉ်တွေ အဆောက်အအုံ နေရာတွေမှာ ကာကွယ်ဆေးထိုးပြီးအထောက်အထား ပြဝင်ရမယ်လို့ ကြေညာထားတာကို ကန့်ကွက်ကြတာပါ။

အီတလီမှာ ၂၀၂၀ ဖေဖော်ဝါရီ ကိုဗစ်ကပ်ဘေး စတင်ကတည်းက လူ ၁၄၀,၈၅၆ ဦး သေဆုံးခဲ့ပြီး ဥရောပမှာ ဗြိတိန်ပြီးရင် အများဆုံးသေဆုံးမှုပါ။ 

အီတလီမှာ မနေ့ကတရက်တည်း  ကိုဗစ်-၁၉ နဲ့ဆက်စပ်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၆,၂၅၃ ဦးရှိပြီး ၃၆၀ ဦး  သေဆုံးခဲ့ပါတယ်။

5 mins Ago

January 21, 2021

ရောမက အိမ်ခြေမဲ့များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေး

ရောမဗရင်ဂျီအသင်းတော်ဌာနချုပ် ဗာတီကန်က အီတလီနိုင်ငံရဲ့မြို့တော် ရောမမြို့ရှိ  အိမ်ခြေမဲ့တွေကို ဇန်နဝါရီ ၂၀ ရက်က စပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင် ထိုးပေးနေပါတယ်။  ပုပ်ရဟန်းမင်းကြီးရဲ့ ပရဟိတရုံးက လုပ်ငန်းလည်ပတ်နေတဲ့ ဂေဟာမှာ စောင့်ရှောက်ခံ နေတဲ့ အိမ်ခြေမဲ့ ၂၅ယောက်ကို ပထမ ကာကွယ်ဆေး ထိုးပေးနေပြီး လာမယ့် ရက်တွေမှာ ပိုများတဲ့ အုပ်စုတွေကို ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ ကြေညာချက်က ဆိုပါတယ်။  ပုပ်ရဟန်းမင်းကြီး အပတ်စဉ် ဖူးမြော်ခံရာ ခန်းမကျယ်ကြီးရဲ့ မိုးလုံလေလုံ အဆောင်ထဲမှာ ကာကွယ်ဆေး ထိုးပေးတာပါ။  ဒီအဆောင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အခုချိန်မှာ မသုံးတော့သလောက် ဖြစ်နေပါတယ်။  ဒီကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို ပုပ်ရဟန်းမင်းကြီး ပရဟိတရုံး ရဲ့ အကြီးအကဲ နဲ့ ရောမမြို့တော်က အိမ်ခြေမဲ့တွေကို စောင့်ရှောက်ရာမှာ ဦးဆောင်သူ ရေဖျန်း ခရစ်ယာန် ဘုန်းတော်ကြီး ကွန်းညက် ကရားယက်ခ်စ် က ကြီးကြပ်ခဲ့ပါတယ်။  အရင်အပတ်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရော ပုပ်ရဟန်းမင်းကြီးဟောင်း ဘဲနဲဒစ်ပါ ကာကွယ်ဆေး အထိုးခံခဲ့ကြပါတယ်။  လူတိုင်းကာကွယ်ဆေး ထိုးခံသင့်တယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဒီလ အစောပိုင်းမှာ ထုတ်လွှင့်တဲ့ ရုပ်သံ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။  ဒါဟာ ခင်ဗျားရဲ့ အသက်နဲ့ ဘဝနဲ့ သာမက သူတပါးတွေရဲ့ ဘဝတွေနဲ့ပါ အလောင်းအစား လုပ်တဲ့ ကျင့်ဝတ်ဆိုင်ရာ ရွေးချယ်မှုပဲလို့လည်း သူက ပြောခဲ့ပါတယ်။  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ လက်အောက် မှာ ဗာတီကန် နန်းတော်ဟာ ရောမမြို့တော်က အိမ်ခြေမဲ့တွေရဲ့ လူဦးရေ၊ ဆေးခန်း၊ ရေချိုးဖို့ ဆံပင်ညှပ်ဖို့ အပါအဝင် ပံ့ပိုးမှု အင်္ဂါရပ်တွေ ကို ကူညီပေးထားပါတယ်။  
12 months Ago
Up