close

ရောမမြို့တွင် ကိုဗစ်စည်းကမ်း တင်းကျပ်သည့်အပေါ် လူထောင်ချီဆန္ဒပြ

အီတလီနိုင်ငံ၊ ရောမမြို့မှာ အစိုးရရဲ့ ကိုဗစ်-၁၉ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကို ဇန်နဝါရီ ၁၅ ရက်က  လူထောင်ချီ ကန့်ကွက် ဆန္ဒပြခဲ့ပြီး လူ့အခွင့်အရေးနဲ့ ကာကွယ်ဆေးမထိုးဘဲ နေထိုင်ခွင့်ကို တောင်းဆိုခဲ့ ကြပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ဝန်ကြီးချုပ် မာရီယိုဒရက်ဂီရဲ့အစိုးရက အသက် ၅၀ အထက် လူတိုင်း ကာကွယ်ဆေး မထိုးမနေရ သတ်မှတ်ခဲ့ပြီး စားသောက်ဆိုင်၊ ဈေးဆိုင်တွေနဲ့ အများပြည်သူ ခရီးသွားလာတဲ့ယာဉ်တွေ အဆောက်အအုံ နေရာတွေမှာ ကာကွယ်ဆေးထိုးပြီးအထောက်အထား ပြဝင်ရမယ်လို့ ကြေညာထားတာကို ကန့်ကွက်ကြတာပါ။

အီတလီမှာ ၂၀၂၀ ဖေဖော်ဝါရီ ကိုဗစ်ကပ်ဘေး စတင်ကတည်းက လူ ၁၄၀,၈၅၆ ဦး သေဆုံးခဲ့ပြီး ဥရောပမှာ ဗြိတိန်ပြီးရင် အများဆုံးသေဆုံးမှုပါ။ 

အီတလီမှာ မနေ့ကတရက်တည်း  ကိုဗစ်-၁၉ နဲ့ဆက်စပ်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၆,၂၅၃ ဦးရှိပြီး ၃၆၀ ဦး  သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up