close

ရော်နယ်ဒင်ဟို

close

August 11, 2021

ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ဆုဖလား ရနံ့ ရနေပြီဟု ရော်နယ်ဒင်ဟို အရွှန်းဖောက်

ပီအက်စ်ဂျီအသင်းမှာ ချန်ပီယံလိဂ်ဆုဖလား ရနံ့ရနေပြီဖြစ်ကြောင်း ကစားသမားဟောင်း ရော်နယ်ဒင်ဟိုက အရွှန်းဖောက်ပြီး ပြောပါတယ်။ 

မက်ဆီ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက် တွစ်တာကနေတစ်ဆင့် ရော်နယ်ဒင်ဟိုက မှတ်ချက်ပေးရေးသားခဲ့တာပါ။ 

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေမှာ ကစားခဲ့ဖူးပြီး မက်ဆီကို ပီအက်စ်ဂျီ ဂျာစီနဲ့ မြင်တွေ့ရတာ ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။ 

မက်ဆီအပြင် မိတ်ဆွေဟောင်း ဆာဂျီယိုရာမို့စ်ဟာလည်း ပီအက်စ်ဂျီမှာရှိနေတာကြောင့် ချန်ပီယံလိဂ်ဆုဖလားရနံ့ ရရှိနေပြီဖြစ်တယ်လို့ တွစ်တာမှာ ဟာသနှောပြီး ရော်နယ်ဒင်ဟိုကရေ းသားခဲ့တာပါ။ 

“ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ အသင်းတွေမှာကစားခဲ့ရတာက ဂုဏ်ယူစရာဖြစ်ပြီး ခုတော့ ကျနော့်သူငယ်ချင်း မက်ဆီကိုလည်း ဒီဂျာစီနဲ့ မြင်တွေ့နေရပါပြီ။ လီယွန်အနေနဲ့ ပဲရစ်မှာ ပျော်ရွှင်မှုတွေ အများကြီးရရှိနိုင်ပါစေ။ ကျနော့် မိတ်ဆွေကြီး ရာမို့စ်ရှိနေတာကိုလည်း ပျော်ရွှင်ပြီး စူပါကြယ်ပွင့်တစ်ယောက်လည်း ရှိနေပြီ။ ချန်ပီယံအနံ့တော့ရနေပြီ” လို့ တွစ်တာမှာ ရော်နယ်ဒင်ဟိုက ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းဟာ ၂၀၁၉-၂၀၂၀ ဥရောချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲတစ်ကြိမ် ရောက်ဖူးပေမယ့် ချန်ပီယံတစ်ကြိမ်မှ မဖြစ်ဖူးသေးတာ ဖြစ်ပါတယ်။

3 mins Ago

August 25, 2020

ပတ်စ်ပို့အတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသည့် ရော်နယ်ဒင်ဟို ပြန်လည်လွတ်မြောက်

ပါရာဂွေးနိုင်ငံမှာ အစ်ကိုဖြစ်သူ ရောဘတ်တိုအက်စစ်နဲ့အတူ ၅ လကြာ ထိန်းသိမ်းခံထားရတဲ့ ရော်နယ်ဒင်ဟိုဟာ ဘရာဇီးနိုင်ငံကို ပြန်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီညီအစ်ကိုနှစ်ယောက်ဟာ နိုင်ငံတွင်း ဝင်ရောက်ဖို့ ပတ်စ်ပို့အတုတွေ အသုံးပြုခဲ့တာကြောင့် မတ်လအစောပိုင်းမှာ အဖမ်းခံခဲ့ရတာပါ။  ပေါင် ၁ ဒသမ ၃ သန်း အာမခံကြောင့် သူတို့နှစ်ဦးဟာ ဧပြီလမှာ ထောင်က လွတ်မြောက်ခဲ့ပြီး အက်စ်ယူနီစီယွန်မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ ထောင် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒင်ဟိုတို့ညီအစ်ကိုနှစ်ယောက်ဟာ သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် ပတ်စ်ပို့အတုတွေနဲ့ ပါရာ‌ဂွေးနိုင်ငံတွင်း ဝင်ရောက်ခဲ့ရာမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ဒင်ဟိုက ဒေါ်လာ ၉၀,၀၀၀ ဒဏ်ကြေးပေးဆောင်ခဲ့ရသလို  သူ့အစ်ကိုကတော့ ဒေါ်လာ ၁၁၀,၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အစ်ကိုဖြစ်သူ အက်စစ်က ပါရာဂွေးနိုင်ငံရဲ့ ရာဇဝတ်မှုမှတ်တမ်းမှာ ထည့်သွင်းခံရမှာ ဖြစ်ပေမယ့် ရော်နယ်ဒင်ဟိုကိုတော့ ထည့်သွင်းမှာ မဟုတ်ပါဘူး။ အစ်ကိုဖြစ်သူဟာ ၂ နှစ်တိတိ ဘရာဇီးနိုင်ငံကနေ ထွက်ခွာခွင့်ပိတ်ပင်ခံရပြီး တာဝန်ရှိသူတွေကို အမြဲတမ်းသတင်းပို့နေရမှာ ဖြစ်ပေမဲ့ ရော်နယ်ဒင်ဟိုကတော့ ဘယ်လောက်ကြာကြာ နိုင်ငံခြားကို သွားမယ်လို့ တာဝန်ရှိသူတွေကို အကြောင်းကြားရုံနဲ့ နိုင်ငံခြားထွက်ခွာခွင့်ရရှိမှာ ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုတို့ ညီအစ်ကို နှစ်ဦးဟာ ပရိုမိုးရှင်းအခမ်းအနားတွေကို တက်ရောက်ရေးအတွက် ပါရဂွေးကို ဝင်ရောက်ဖို့ ပတ်စ်ပို့အတုတွေ ပြုလုပ်ခဲ့ခြင်းအတွက် အစောပိုင်းမှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပါရာဂွေး ဂေါ့ဖ်ကလပ်မှာရှိတဲ့ Resort Yacht မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နိုင်ငံရဲ့ လုံခြုံရေး အတင်းကျပ်ဆုံး Agrupacion Especializada ထောင်မှာလည်း ၃၂ ရက်ကြာ နေထိုင်ခဲ့ရပါတယ်။  အဖမ်းခံရချိန်မှာ တရားမဝင်ပတ်စ်ပို့ ကိုင်ဆောင်ထားမှန်း မသိခဲ့ဘူးလို့လည်း ရော်နယ်ဒင်ဟိုက အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပြောပါတယ်။
12 months Ago
Up