close

ရေး-ထားဝယ်ကားလမ်း

close

September 6, 2022

သြဂုတ်လအတွင်း ရေး-ထားဝယ်ကားလမ်း၌ စစ်တပ်ယာဉ်တန်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက် ခံရ

၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်စပြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးတာနဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေဟာ ရေး-ထားဝယ်ကားလမ်းပိုင်းမှာ  ပြီးခဲ့တဲ့ သြဂုတ်တလအတွင်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

သြဂုတ် ၄ ရက်၊ ၁၇ ရက် နဲ့ ၂၅ ရက်တွေမှာ ရေး-ထားဝယ်ကားလမ်းပေါ်က ကျေးရွာတွေဖြစ်တဲ့ ကျောက်ကညာရွာ၊ ညင်းထွေးရွာ၊ ဇဟာရွာ နဲ့ မောင်မယ်ရှောင်ရွာ လမ်းပိုင်းတွေမှာ စစ်တပ်ယာဉ်တန်းတွေကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) နဲ့ မဟာမိတ်တွေ က ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရေဖြူမြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF)နဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) တို့ကလည်း သြဂုတ် ၁၉ ရက်မှာ ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာအလွန်မှာ ကံပေါက်နယ်မြေရဲစခန်းက ဒုရဲအုပ်လိုက်ပါလာတဲ့ ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်နဲ့ ပျူစောထီးတဦး သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် သြဂုတ် ၃၁ ရက်မှာလည်း ရေးမြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဉ်တန်းကို KBDF နဲ့ TPLF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ မောင်မယ်ရှောင်လမ်းပိုင်းမှာ တကြိမ်၊ ရေနက်ဆိပ်ကမ်းလမ်းဆုံမှာ တကြိမ် စုစုပေါင်း နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေကိုတော့ အတိအကျ မသိရသေးပါဘူး။

တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းအများစုဟာ ရေဖြူမြို့နယ်၊ ကလုံးထာရွာဘက်ကို နယ်မြေရှင်းလင်းရေး ပြုလုပ်လာတဲ့ ထားဝယ်ခရိုင်အခြေစိုက် ခလရ ၂၆၇၊ ခလရ ၂၈၂၊ ခလရ ၁၀၄၊ ခမရ ၄၀၆ နဲ့ ပလောက်အခြေစိုက် ခလရ ၂၈၀ က တပ်သားတွေ ပါတဲ့ ယာဉ်တန်းတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ရေဖြူမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ယာဉ်တန်းတွေဟာ မိုင်းဆွဲခံရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်တပ်ဘက်ကအယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

12 mins Ago

September 29, 2019

ရေး-ထားဝယ်ကားလမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေ

ရေး-ထားဝယ်ကားလမ်းပေါ်မှာ စက်တင်ဘာ ၂၈ ရက် ညပိုင်းက ကားနဲ့ ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာပြီး ဆိုင်ကယ်မောင်းသူ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မွန်ပြည်နယ် ရေးမြို့ အဏ္ဏဝါရပ်ကွက် ရေး-ထားဝယ်သွားကားလမ်း မိုင်တိုင်အမှတ် (၉၈/၄) နဲ့ (၉၈/၅) မှာ ဆိုင်ကယ်မောင်းသူ မောင်မိုးသူအောင်က တိုယိုတာဟိုင်းလတ် ကားကို မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိခဲ့တာပါ။ ဆိုင်ကယ်မောင်းသူ အသက် ၂၅ နှစ်အရွယ် မောင်မိုးသူအောင်မှာ ဦးခေါင်းပြင်းထန်ဒဏ်ရာရခဲ့လို့ ဆေးရုံကို အရေးပေါ်ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့တာပါ။ ဟိုင်းလတ်ကားယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါ ရေးမြို့နယ် ဖလံချောင်းဝကျေးရွာနေ လုပ်အားပေး ကျောင်းဆရာမများအပါအဝင် ကျောင်းသား ၂၁ ဦးလုံး ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ရေးမြို့မရဲစခန်းက ဆိုင်ကယ်မောင်းသူ မိုးသူအောင်ကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ နေမျိုးထွဋ် (ရေး) ======================================== ေရး-ထားဝယ္ကားလမ္းတြင္ ကားႏွင့္ဆိုင္ကယ္တိုက္မိ၊ ၁ ဦးေသ DVB ေရး-ထားဝယ္ကားလမ္းေပၚမွာ စက္တင္ဘာ ၂၈ ရက္ ညပိုင္းက ကားနဲ႔ ဆိုင္ကယ္မ်က္ႏွာခ်င္းဆိုင္တိုက္မိရာၿပီး ဆိုင္ကယ္ေမာင္းသူ ေသဆုံးသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ မြန္ျပည္နယ္ ေရးၿမိဳ႕ အဏၰဝါရပ္ကြက္ ေရး-ထားဝယ္သြားကားလမ္း မိုင္တိုင္အမွတ္ (၉၈/၄) နဲ႔ (၉၈/၅) မွာ ဆိုင္ကယ္ေမာင္းသူ ေမာင္မိုးသူေအာင္က တိုယိုတာဟိုင္းလတ္ ကားကို မ်က္ႏွာခ်င္းဆိုင္ဝင္ေရာက္တိုက္မိခဲ့တာပါ။ ဆိုင္ကယ္ေမာင္းသူ အသက္ ၂၅ ႏွစ္အ႐ြယ္ ေမာင္မိုးသူေအာင္မွာ ဦးေခါင္းျပင္းထန္ဒဏ္ရာရခဲ့လို႔ ေဆး႐ုံကို အေရးေပၚပို႔ေဆာင္ေနစဥ္ ေသဆုံးသြားခဲ့တာပါ။ ဟိုင္းလတ္ကားယာဥ္ေမာင္းနဲ႔ ယာဥ္ေပၚပါ ေရးၿမိဳ႕နယ္ ဖလံေခ်ာင္းဝေက်း႐ြာေန လုပ္အားေပး ေက်ာင္းဆရာမမ်ားအပါအဝင္ ေက်ာင္းသား ၂၁ ဦးလုံး ထိခိုက္ဒဏ္ရာ မရရွိခဲ့ဘူးလို႔ ရဲတပ္ဖြဲ႕ဝင္ေတြက ေျပာပါတယ္။ ေရးၿမိဳ႕မရဲစခန္းက ဆိုင္ကယ္ေမာင္းသူ မိုးသူေအာင္ကို ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈနဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။ ေနမ်ိဳးထြဋ္ (ေရး)
3 years Ago
Up