close

ရွှေတြိဂံဒေသ

close

February 20, 2023

ရွှေတြိဂံဒေသတွင် စိတ်ကြွဆေး ၆ သန်းခွဲခန့် ဖမ်းဆီးရမိ

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ် ရွှေတိဂံဒေသမှာ ထိုင်းအာဏာပိုင်တွေက စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၆ သန်း ၄ သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၉ နာရီလောက်က မဲခေါင်မြစ်ဝှမ်းဒေသ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မဲခေါင်မြစ်ထဲမှာ လှေ ၂ စီးနဲ့လည်းကောင်း၊ ကုန်းပေါ်မှာ မော်တော်ဆိုင်ကယ်နဲ့လည်းကောင်း  ကင်းလှည့်စစ်ဆေးနေစဉ် ကျိန်းဆဲန်မြို့နယ် ဝိန်းအုပ်စု ရွှေတြိဂံဒေသ ဆွပ်လုတ်ရွာအနီး  ဟီရန်နခွန်းဆိပ်ခံတံတားဆီ ကမ်းကပ်လာတဲ့ မသင်္ကာဘွယ် လှေ ၂ စီးကို တွေ့ရတယ်လို့ ဆိုပါတယ်။

လှေခုတ်မောင်းသူတွေက တာဝန်ရှိသူတွေကို လှမ်းမြင်လိုက်တဲ့အခါ ၂ ဦးလုံး ရေထဲခုန်ချပြီး ပျောက်ကွယ်သွားကြောင်း၊ တာဝန်ရှိသူတွေ လှေအနားကိုရောက်လာတဲ့အခါမှာတော့ လှေပေါ်မှာ တစုံတယောက်မှ ရှိမနေတော့ဘဲ လှေဝမ်းထဲမှာ သက်တံ့ရောင်မြွေရေခွံအိတ် စုစုပေါင်း ၃၂ လုံးကို တွေ့ရှိတာလို့ ဆိုပါတယ်။

အိတ်ထဲမှာ L, TESLA နဲ့ Y1 တံဆိပ်နှိပ်ထားတဲ့ အထုပ်တွေထည့်ထားကြောင်း၊ အထဲမှာတော့ WY တံဆိပ်ပါ စိတ်ကြွဆေးပြားတွေ တွေ့ရှိကြောင်း၊ အိတ် ၁ လုံးမှာ စိတ်ကြွဆေးပြား ၂ သိန်းစီပါတဲ့အတွက် စုစုပေါင်း စိတ်ကြွဆေး ၆၄ သိန်း ဖမ်းမိတာလို့ ဆိုပါတယ်။

အဲဒီနောက် အမှတ် ၃၁၀၂ တပ်ရင်းမှူး၊ အမှတ် ၃၂၇ နယ်ခြားစောင့်တပ်နဲ့ ကျိန်းဆဲန် လုံခြုံရေးကောင်စီ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးကြပြီး လိုအပ်သလို ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

33 mins Ago

September 28, 2022

ရွှေတြိဂံဒေသတွင် စိတ်ကြွဆေးပြား ၃၃ သန်းနှင့် အိုက်စ်မူးယစ်ဆေး ၅၀၀ ကီလိုဂရမ်ဖမ်းမိ

မြန်မာ၊ ထိုင်း၊  လာအိုသုံးနိုင်ငံနယ်စပ်၊ ရွှေတြိဂံဒေသမှာ စိတ်ကြွရူးသွတ်ဆေးပြားပေါင်း ၃၃ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၅၅၀ ကီလိုဂရမ် လာအိုမူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။

လာအိုမူးယစ်ဆေးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၂၃ ရက်က ဘော်ကယောက်ခရိုင် တွန့်ဖိန့်မြို့နယ် ဘန့်လူမ့်ယင်ကျေးရွာအနီးမှာ အသက် ၃၄ နှစ်ရွယ် လာအိုနိုင်ငံသား တယောက်ထံကနေ စိတ်ကြွဆေးပြား ၃ သိန်းလောက်ပါတဲ့  အစည်းပေါင်း ၁၅၀ စည်းကို အရင်ဖမ်းမိခဲ့ပါတယ်။

အဆိုပါဖမ်းဆီးမှုကနေ ကွင်းဆက်တွေ ဆက်လက်စစ်ဆေးဖော်ထုတ်ရာမှာတော့ ထိုင်း-မြန်မာ နယ်စပ်ကို ခြားထားတဲ့ မယ်ဟုတ်ချောင်းနဲ့ ၁ ကီလိုမီတာအကွာ တွန့်ဖိန့်မြို့နယ် ဆီဘွန်းလိန်းကျေးရွာရှိ နေအိမ်တစ်လုံးကနေ အစိမ်းရောင်မြွေရေခွံအိတ် ၁၆၅ အိတ်ထဲက အလေးချိန် ၃၆၃၀ ကီလိုဂရမ်ရှိ စိတ်ကြွဆေးပြား ၃၃ သန်းလောက် ဖမ်းဆီးရမိခဲ့ပါတယ်။ 

အဆိုပါအိမ်ထဲမှာပဲ အိတ်အလုံးပေါင်း ၅၀၀ ထဲက အလေးချိန် ၅၀၀ ကီလိုဂရမ်ရှိ အိုက်စ်မူးယစ်ဆေးပါဖမ်းမိပြီး အိမ်ထဲက အမျိုးသမီး တယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတဲ့နေရာဟာ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့ရှိ မဲခေါင်မြစ်ကမ်းရဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။

Ref- MaesaiPress

5 months Ago
Up