close

ရွှေဖိနပ်ဆု

close

November 10, 2022

ဥရောပ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု လီဝမ်ဒေါ့စကီး ၂ နှစ်ဆက် ဆွတ်ခူး

ဥရောပရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ၂ နှစ်ဆက်တိုက် ဆွတ်ခူးသွားပါတယ်။

ရွှေဖိနပ်ဆုကို ပြီးခဲ့တဲ့ရာသီအတွင်း ဥရောပမှာ ဂိုးသွင်းအများဆုံး ကစားသမားကို European Sport Media က ပေးအပ်ချီးမြှင့်တာပါ။

တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ပြီးခဲ့တဲ့ရာသီက အသင်းဟောင်း ဘိုင်ယန်မြူးနစ်မှာ ကစားခဲ့ပြီး သွင်းဂိုး ၃၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီဆု ရယူနိုင်တဲ့အတွက် ဂုဏ်ယူရသလို အသင်းဟောင်းက ကစားဖော်တွေ အားလုံးကို အထူးကျေးဇူးတင်တယ်လို့ ပိုလန်လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ပြောပါတယ်။

ဒီရာသီမှာတော့ စပိန်ကလပ် ဘာစီလိုနာမှာ ပြောင်းရွှေ့ကစားနေတာပါ။

ဥရောပရဲ့ ဂိုးသွင်းအများဆုံး ဒုတိယဆုကို ပြင်သစ်ကလပ် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက ၂၈ ဂိုးနဲ့ ရရှိသွားပါတယ်။

1 min Ago

May 9, 2020

ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ဘင်ရက်ဒါနှင့် ပူးတွဲပေးသင့်ဟု အမ်ဘာပေပြော

ပြင်သစ်လိဂ် ဂိုးအများဆုံးကစားသမားဆုကို မိုနာကိုတိုက်စစ်မှူး ဘင်ရက်ဒါလည်း ရသင့်တယ်လို့  ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက ပြောလိုက်ပါတယ်။  အမ်ဘာပေနဲ့ ဘင်ရက်ဒါတို့ဟာ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ သွင်းဂိုး ၁၈ ဂိုးစီ သွင်းခဲ့ကြတာပါ။  ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပြင်သစ်လိဂ်ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှာတော့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အမ်ဘာပေကိုပဲ ချီးမြှင့်ခဲ့တာပါ။  သွင်းဂိုး ၁၈ ဂိုးစီ တူညီနေပေမယ့် ဘင်ရက်ဒါက ပင်နယ်တီသွင်းဂိုး ၃ ကြိမ်ပါဝင်ခဲ့တာ ကြောင့် ပင်နယ်တီသွင်းဂိုးမပါဘဲ ၁၈ ဂိုးရခဲ့တဲ့ အမ်ဘာပေကို ဆုပေးခဲ့တာပါ။  အမ်ဘာပေကတော့ သွင်းဂိုးတူညီနေတဲ့အတွက် မိုနာကို တိုက်စစ်မှူး ဘင်ရက်ဒါဟာလည်း ဆုနဲ့ထိုက်တန်ပြီး ပရီးမီးယားလိဂ်မှာလို ပူးတွဲပေးအပ်သင့်တယ်လို့ တွစ်တာကနေ ရေးသားခဲ့တာဖြစ်ပါတယ်။  အမ်ဘာပေရဲ့ တကိုယ်ကောင်းဆန်မူ မရှိတဲ့အပေါ်မှာ ပရိသတ်တွေကလည်း ချီးကျူးခဲ့ကြပါတယ်။
3 years Ago
Up