close

ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အယောက် ၄၀ ကျော်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်မှာ အောက်တိုဘာ ၂ ရက်က နယ်စပ် လုံခြုံရေးတပ်ဖွဲ့တွေဟာ  မြန်မာနယ်စပ် နှစ်နေရာကနေ တရားမဝင်အလုပ်သမား အမျိုးသား ၁၃ ယောက် အမျိုးသမီး ၇ ယောက်နဲ့ လမ်းပြ ၃ ယောက်တို့ကို  ဖမ်းဆီးရမိခဲ့တယ်လို့ ကန်ကျနပူရီဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမား အယောက် ၂၀ ဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသကနေ ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်း၊ လယောင်းနဲ့ ကန်ကျနပူရီမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

အလားတူ ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာလည်း မလေးရှားသွားမယ့် ချင်းပြည်နယ်သား ၂၁ ယောက် အဖမ်းခံရတယ်လို့ ချွန်းဖွန်းဒေသသတင်းအရ သိရပါတယ်။ 

သူတို့ထဲမှာ ကျား ၁၂ ဦး ၊ မ ၇ ဦး နဲ့ ကလေး ၂ ယောက်ပါလာပြီး လွန်ခဲ့တဲ့ရက်ပိုင်းက နယ်စပ်တောလမ်းကနေတဆင့် ထိုင်းထဲဝင်လာခဲ့ကြောင်း၊ မလေးရှားကိုဆက်သွားဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၃၀၀၀၀ ပေးခဲ့ရပြီး စမွတ်စခွန်းခရိုင် မဟာချိုင်မှာ ခနနားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် အောက်တိုဘာ ၂ ရက်မှာ ကား ၁ စီးက သူတို့ကိုလာခေါ်ပြီး ချွန်းဖွန်းခရိုင် ဆဝီမြို့နယ်ရှိ တောတွင်းတနေရာမှာ လာထားခဲ့စဉ် လုံခြုံရေးအဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာလို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up