close

ရှမ်းနီတပ်

close

April 26, 2022

ဖောင်းပြင်မြို့နယ်တွင် ရှမ်းနီတပ် ဆက်ကြေးလာမကောက်ရန် ဒေသခံ PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဟာ လက်နက်အပြည့်စုံနဲ့ ဆက်ကြေးလာရောက်ကောက်ခံနေတာတွေရှိနေတဲ့အတွက် လက်သင့်မခံနိုင်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Paungbyin People Defence Force က ဧပြီ ၂၆ ရက်က ထုတ်ပြန်လိုက်ပါတယ်။

SNA ကအခွန်ကောက်တယ်လို့ဆိုပေမဲ့ အခွန်ကောက်ခံတဲ့ သဘောတရားနဲ့ သက်ဆိုင်ခြင်းမရှိပဲ ဆက်ကြေးလို့ပဲသတ်မှတ်တယ်လို့  ဖောင်းပြင်  PDF  က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖောင်းပြင်မြို့နယ်ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ  NUG  ရဲ့ ဥပဒေနဲ့အညီ အခွန်ကောက်‌နယ်မြေဖြစ်ပြီး ဒေသခံပြည်သူတွေကလည်း  SNA ကို ဆက်ကြေး မပေး ဆောင်လိုကြဘူးလို့ ဆိုပါတယ်။

ဖောင်းပြင် PDF အဖွဲ့ဝင်တစ်ဦးက "သူတို့မှာ အခွန်ဆိုတာ ကောက်ပိုင်ခွင့်မရှိဘူး။ လက်နက်ကိုင်ပြီး ဆက်ကြေးတောင်းတာလို့ သတ်မှတ်ထားတယ်။ အခု လုပ်ငန်းတွေကို အခွန်ဆောင်ရမယ်ဆိုပြီး လိုက်ခြိမ်းခြောက်နေတာ။ ဥပဒေအရ အခွန်ကောက်မယ်ဆိုရင်ပြည်သူ့ဆန္ဒနဲ့အညီ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရကပဲ ကောက်ခံပိုင်ခွင့်ရှိတယ်။ အခု သူတို့လုပ်ရပ်က အဓိပ္ပာယ်မှ မရှိတာ ၊ ပြောရရင် ဒီ ဘက်ကို နယ်ချဲ့ဆက်ကြေးတောင်းတဲ့ သဘောပဲ" လို့ ပြောပါတယ်။

အခွန်ရဲ့သဘောသဘာဝဟာ အခွန်ကောက်ခံသူနဲ့ အခွန်ပေးဆောင်သူတို့ နှစ်ဦး နှစ်ဘက်သဟဇာတ ဖြစ်ဖို့ လိုအပ်ပြီး ဖောင်းပြင် PDF  အနေနဲ့ ပြည်သူလူထုနဲ့ သဟဇာတမဖြစ်တဲ့ ဘယ်လို့ ကောက်ခံမှုမျိုးကိမဆို ပြည်သူ့အကျိုးစီးပွားအတွက်အကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရှမ်းနီ အမျိုးသားများတပ်မတော် SNA  ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်တချို့အပါဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်စတဲ့ နေရာတချို့မှာပါ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး အခွန်ကောက်တဲ့ကိစ္စ တားမြစ်မှုကို ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။

35 mins Ago

April 18, 2020

ဟုမ္မလင်းတွင် တပ်မတော်နှင့် ရှမ်းနီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန့်တောစံပြကျေးရွာအုပ်စုနယ်မြေအတွင်းက ချောင်းကြီးဒေသမှာ တပ်မတော်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်တို့ ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်တို့ဟာ နန့်တောစံပြကျေးရွာအုပ်စု နယ်မြေအတွင်းမှာ ဧပြီ ၁၈ ရက်နေ့ မနက် ၅ နာရီအချိန်လောက်က နာရီဝက်ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သလို ဧပြီ ၁၇ ရက်နေ့ ညနေ ၅ နာရီကနေ ၈ နာရီခွဲအထိ ၃ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုရှိခဲ့တယ်လို သိရပါတယ်။  အဲဒီနယ်ဘက်ကို တပ်မတော်ဘက်က လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက စစ်အင်းအားဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး မနေ့ကမှစပြီး ထိတွေ့မှုဖြစ်ခဲ့တာလို့ ရှမ်းနီအမျိုးသားများ တပ်မတော်မှ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ဒီဗွီဘီကို ပြောဆိုပါတယ်။  ရှမ်းနီအမျိုးသားများတပ်မတော်အနေနဲ့ သူတို့ထိန်းချုပ်နယ်ထဲမှာ မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေနဲ့ လူထုစည်းရုံးမှုတွေ လုပ်ဆောင်နေတာကို တပ်မတော်ဘက်က မလိုလားတဲ့ သဘောမျိုးကြောင့် အခုလိုမျိုး တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ဆိုပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော်နဲ့တပ်မတို့ကြားမှာ ၂၀၁၆ ခုနှစ်က အိန္ဒိယနယ်စပ်နဲ့ ၂၀၁၇ ခုနှစ်က ကချင်ပြည်နယ်အတွင်းမှာ ထိတွေ့မှုအနည်းငယ် ရှိခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်း တိုက်ပွဲမရှိ တော့ဘဲ အခုမှ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ခဲ့တာလို့ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောပါတယ်။  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သူ့အနေ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိထားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။  အခုလို နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်လာတာမျိုး မရှိသေးပေမယ့် စိုးရိမ်ပူပန်နေကြတယ်လို့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။ ၅ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ သေနတ်သံတွေကြားရတယ်။ အဲလောက်ပဲ ပြောကြတာ။ ထွက်ပြေးလာတာလည်း မရှိသေးဘူး။ အခု ကိုဗစ်ရောဂါလည်း ဖြစ်တယ်။ ဒါကလည်း ဖြစ်တယ်ဆိုတော့ ပိုပြီးတော့ စိုးရိမ်ကြတာပေါ့။ တပူပေါ် နှစ်ပူဆင့် ဖြစ်တာပေါ့။ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။
2 years Ago
Up