close

ရှရှား

close

March 11, 2022

ရုရှားကို အမေရိကန်က ရေနံနှင့်စွမ်းအင်တင်ပို့ခွင့် လုံးဝပိတ်ပစ်

ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားရဲ့ ရေနံနဲ့ တခြားစွမ်းအင်တင်ပို့မှုကို လုံးဝ ပိတ်ပင်တားမြစ်ဖို့ အမေရိကန်အောက်လွှတ်တော်က ၄၁၄ မဲ- ၁၇ မဲနဲ့ ဥပဒေ အတည်ပြုလိုက်ပါတယ်။ 

ရီပတ်ဗလင်ကင်အမတ် ၁၅ ဦးနဲ့ ဒီမိုကရက် ၂ ဦးတို့က ကန့်ကွတ်မဲ ပေးခဲ့တာပါ။  ဂျိုးဘိုင်ဒင်က သမ္မတအာဏာအသုံးပြုပြီး ရုရှားရေနံပိတ်ပင်ဖို့ ကြေညာပြီး နောက်နေ့ လွှတ်တော်မှာ ဥပဒေကြမ်း အတည်ပြုဖို့ ဖြစ်လာတာပါ။ 

လွှတ်တော်မှာ ပါတီကြီးနှစ်ခုစလုံးရဲ့ ထောက်ခံမှု စံချိန်တင်ရရှိခဲ့ပြီး ရုရှားကို နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့ WTO ထဲက ထုတ်ပစ်ဖို့အထိ ဥပဒေမှာ တောင်းဆိုထားပါတယ်။

နောက်ပြီး အောက်လွှတ်တော်က ယူကရိန်းကို အရေးပေါ်  ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံ ကူညီဖို့လည်း မဲခွဲဆုံးဖြတ်နိုင်ခဲ့ပါတယ်။ 

အဆိုပါငွေထဲမှာ ယူကရိန်းကို စစ်လက်နက် ပံ့ပိုးဖို့နဲ့ လူသားချင်းဆိုင်ရာ အကူညီပေးမှုတွေ ပါဝင်ပါတယ်။

7 mins Ago

June 28, 2020

ရှရှား စစ်ရေးပြအခမ်းအနား တက်ခဲ့သည့် ဆားဗီးယားကာကွယ်ရေးဝန်ကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံပေါင်း ၂၉ နိုင်ငံက သမ္မတတွေ၊ တပ်မတော်အကြီးအကဲတွေနဲ့အတူ ရုရှားနိုင်ငံမှာ စစ်ရေးပြအခမ်းအနား တက်ရောက်ခဲ့တဲ့ ဆားဗီးယား ကာကွယ်ရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ ဆားဗီးယားအစိုးရက ဇွန် ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။  ပြီးခဲ့တဲ့ ဇွန် ၂၃ ရက် မော်စကိုမှာ ကျင်းပတဲ့ ၇၅ နှစ်မြောက် ဒုတိယကမ္ဘာစစ် ပြီးဆုံးကြောင်း အောင်ပွဲခံအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို သူနဲ့အတူ အဖွဲ့ဝင် ၇၅ ဦး တက်ရောက်ခဲ့ကြတာပါ။ ဆားဗီးယားကာကွယ်ရေးဝန်ကြီးဟာ ဇွန် ၂၆ ရက်နေ့ကလည်း ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့သလို ဥရောပနိုင်ငံတွေက ခေါင်းဆောင်တချို့လည်း ဘယ်လ်ဂျီယံနိုင်ငံ ဘရက်စဲမြို့မှာ တွေ့ဆုံခဲ့ပါတယ်။  အဲဒီအခမ်းအနားကို နိုင်ငံပေါင်း ၁၂ နိုင်ငံက သမ္မတတွေ၊ ၁၇ နိုင်ငံက တပ်မတော်အကြီးအကဲတွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီထဲကမှ ဆားဗီးယား ကာကွယ်ရေးဝန်ကြီးဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။  အဲဒီစစ်ရေးပြအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။ ဇွန်လ ၂၂ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံပြန်ဖို့ ခက်ခဲနေတဲ့ ရုရှားနိုင်ငံသား ၁၉ ဦးနဲ့အတူ ရုရှားနိုင်ငံကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။  ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်းမှာ ရုရှားနိုင်ငံက သတင်းဌာနတွေနဲ့ တွေ့ဆုံခဲ့သလို အိန္ဒိယ ကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီအပြင် ရုရှားနိုင်ငံက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း လက်ခံရယူခဲ့ပြီး မော်စကိုမြို့မှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းကိုလည်း လည်ပတ်ခဲ့ပါတယ်။  ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီမှာ နေပြည်တော်ကိုပြန်ရောက်ရှိခဲ့ပြီး ရုရှားနိုင်ငံမှာသင်တန်း တက်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ ခက်ခဲနေတဲ့ တပ်မတော်အရာရှိ ၂၂ ယောက်ကိုလည်း ပြန်ခေါ်လာခဲ့ပါတယ်။ ရုရှားနိုင်ငံကနေ ပြန်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လက်ရှိမှာတော့ ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေအတိုင်း နေထိုင်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။  ရုရှားနိုင်ငံကို မသွားခင်တုန်းကလည်း ရောဂါပိုးရှိ၊ မရှိ ဆေးစစ်သွားသလို ပြန်လာတဲ့အခါမှာလည်း ဆေးစစ်မှုတွေကို စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  ကျန်းမာရေးဌာနရဲ့ သတ်မှတ်ချက်အရတော့ ပြည်ပကနေ ပြန်လာတဲ့သူတွေဟာ အသွားအလာ ကန့်သတ်ထားတဲ့နေရာမှာ ၂၁ ရက် နေထိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
2 years Ago
Up