close

ရှုတ်ချ

close

April 19, 2023

ပဇီကြီး လေကြောင်းတိုက်ခိုက်မှု G7 နိုင်ငံများရှုတ်ချ၊ ယိုယွင်းလာသည့် မြန်မာ့အရေးအပေါ် နက်နက်ရှိုင်းရှိုင်းစိုးရိမ်

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းမှုကို အဖွဲ့ဝင် ၇ နိုင်ငံပါတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ယိုယွင်းလာတဲ့ မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေတွေအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာကျင်းပတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး အပြီး ဧပြီ ၁၈ ရက် မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပြီး ခုလို အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့လည်း မြန်မာစစ်အုပ်စုကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲက ဒုက္ခရောက်နေသူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးမှာ အဟန့်အတားမရှိ ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်ရေး အတွက် အာမခံပေးဖို့နဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်လာနိုင်စေမယ့် အခြေအနေတွေ ဖန်တီးနိုင်ဖို့လည်း တောင်းဆိုလိုက်တာပါ။

G7 စက်မှုထိပ်သီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ထောက်ခံသွားမှာဖြစ်ပြီး လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် UNSCR ၂၆၆၉ ကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် အကောင်အထည်ဖော်နိုင်အောင် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

7 mins Ago

November 8, 2022

ဒုံးကျည်ပစ်လွှတ်မှုအပေါ် ကုလကြေညာချက် မတရားဟု မြောက်ကိုရီးယား ရှုတ်ချ

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ လတ်တလော ကြေညာချက်ဟာ မတရားဘူးလို့ မြောက်ကိုရီးယားက နိုဝင်ဘာ ၈ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

သူ့ရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်ရဲ့ စစ်ရေးရန်စမှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တန်ပြန် အရေးယူဆောင်ရွက်ချက်သာ ဖြစ်တယ်လို့လည်း မြောက်ကိုရီးယားအစိုးရ မီဒီယာက ကြေညာပါတယ်။

မြောက်ကိုရီးယားရဲ့ လတ်တလော ဒုံးကျည်ပစ်လွှတ်စမ်းသပ်ချက်တွေကို ဂူတားရက်စ်က နိုဝင်ဘာ ၄ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပြီး နောက်ထပ် ဘယ်လို ကျူးကျော်ရန်စတဲ့ လုပ်ရပ်ကိုမဆို ချက်ချင်း ရပ်တန်းကရပ်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ အပြင်းအထန် ဖြစ်လာနေတဲ့ အခြေအနေအတွက် ကုလ အတွင်းရေးမှူးချုပ်ရဲ့ တရားမျှတမှုမရှိတဲ့ အပြုအမူကို တစိတ်တပိုင်း အပြစ်တင်ရမယ်လို့ ထင်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ ဒုဝန်ကြီးက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပြီး ဒီထုတ်ပြန်ချက်ကို အစိုးရမီဒီယာ KCNA က ထုတ်လွှင့်ခဲ့ပါတယ်။

အရင်အပတ်က မြောက်ကိုရီးယားဟာ မအောင်မြင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ဖြစ်နိုင်တဲ့ ဒုံးကျည် အပါအဝင် ဒုံးကျည်အစင်းရေ အတော်များများကို စမ်းသပ်ပစ်လွှတ်ခဲ့သလို ရာချီတဲ့ အမြောက်ဆန်တွေကိုလည်း ပင်လယ်ထဲ ပစ်ခတ်ခဲ့ပါတယ်။

ခြောက်ရက်ကြာတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုကတော့ နိုဝင်ဘာ ၅ ရက်မှာ အဆုံးသတ်ခဲ့ပါတယ်။

5 months Ago
Up