close

ရှုံးနိမ့်

close

November 27, 2022

ဂျပန်အသင်းက ကော်စတာရီကာကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

ဒီနေ့ည အစောဆုံး ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလား အုပ်စု (အီး) ပွဲစဉ်မှာ ဂျပန်အသင်းကို ကော်စတာရီကာက ၁ ဂိုးတည်းနဲ့ အနိုင်ရသွားပါတယ်။ 

ကော်စတာရီကာအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၁ မိနစ်လောက်မှာ နောက်တန်းသမား ဖူလာက သွင်းယူခဲ့တာပါ။ 

ဒီပွဲမှာ ဂျပန်အသင်းဟာ ဘောလုံးအသာစီးနဲ့ ဂိုးပေါက် ကန်သွင်းခွင့် ၃ ကြိမ်အထိ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ကော်စတာရီကာအသင်းက ရတဲ့ အခွင့်အရေးကို အသုံးချနိုင်လို့ ၃ မှတ်ရသွားပါတယ်။ 

ဂျပန်အသင်းဟာ အုပ်စုတွင်းမှာ နာမည်ကြီး ဂျာမဏီကို အနိုင်ရခဲ့ပေမယ့် ကော်စတာရီကာနဲ့ အုပ်စု ဒုတိယပွဲစဉ်မှာ ရှုံးတဲ့အတွက် နောက်တဆင့်တက်ရေး မျှော်လင့်ချက်တွေ ထိခိုက်ခဲ့ရပါတယ်။ 

ဂျပန်ဟာ အုပ်စု နောက်ဆုံးပွဲစဉ်မှာ နာမည်ကြီး စပိန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

အုပ်စု (အီး) ဒုတိယပွဲစဉ်အဖြစ် စပိန်နဲ့ ဂျာမဏီတို့ နိုဝင်ဘာ ၂၈ ရက် မနက်အစောပိုင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

12 hours Ago

November 20, 2022

မလေးရှားရွေးကောက်ပွဲ မဟာသီယာ ရှုံးနိမ့်

မလေးရှားနိုင်ငံမှာ နိုဝင်ဘာ ၁၉ ရက်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် အံ့အားသင့်စရာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲရာမှာ သူ့ရဲ့အမွေအနှစ်ကို လွှမ်းမိုးသွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ 

စိုက်ပျိုးမွေးမြူရေးကို မှီခိုနေရာက မလေးရှားနိုင်ငံရဲ့ စီးပွားရေးကို စက်မှုထွန်းကားရေးနှင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ နယ်ပယ်တွေမှာ ပိုတိုးတက် ကောင်းမွန်လာစေဖို့ အားထုတ်ခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် မဟာသီယာကို ပညာရှင်တွေက အသိအမှတ်ပြုခဲ့ကြပါတယ်။

ဒါပေမယ့် ဒီနေ့မလေးရှားမှာ အကျင့်ပျက်ခြစားမှု အခြေအနေတွေ လှိုင်းထနေတဲ့  အာဏာရ ပါတီဟောင်းရဲ့ ခေါင်းဆောင်မှုမှာ စုစည်းထားတဲ့ အာဏာကို ကျင့်သုံးရင်း လူမျိုးရေးအခြေခံတဲ့ မူဝါဒတွေ ချမှတ်ရင်း သဘောထားကွဲလွဲနေတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် မဟာသီယာကို ကျွမ်းကျင်သူ တွေက ထောက်ပြခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့ ၁၅ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ (GTA) ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ မဟာသီယာဟာ သူ့ရဲ့ လန်ကာဝီ ထိုင်ခုံကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပြီး သူ့ရဲ့ ၅၃ နှစ်အတွင်း ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ 

ပေရီကာတန် နာရှင်နယ် ပါတီက မိုဟာမဒ် အယ်လ်ဆူဟိုင်မီ အဗ္ဗဒူလာက မဲ အနိုင်ရခဲ့ပါတယ်။ 

1 week Ago
Up