ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ ရဲတွေက ရှောင်တခင်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၁၄ ရပ်ကွက်တွေမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို နိုဝင်ဘာ ၁ ရက် ညပိုင်းက ရှောင်တခင် ဝင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဘာကြောင့်ဆိုတာတော့ အတိအကျတော့ မသိရဘူး။ မနေ့က ညပိုင်းတော့ အုပ်စုလိုက်ကို ဝင်စစ်တာ။ စကစကကောင်တွေရော ရဲတွေရောပါတယ်။ PDF တွေ သတင်းရလို့နေမယ်” လို့ ပြောပါတယ်။
ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ဧည့်စာရင်းဝင်စစ်သလိုမျိုးနဲ့ စစ်ဆေးတဲ့အခါမှာလည်း မသင်္ကာတဲ့သူ လာတယ်လို့ထင်ရင် သတင်းပေးဖို့အတွက် မှာကြားသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပုသိမ်မြို့မှာ ညမထွက်ရအမိန့် ကျော်လွန်ချိန် ည ၁၀ ကျော်ကစတင်ကာ ဒရုန်းတွေအသုံးပြုပြီး ကောင်းကင်ကနေ ကင်းထောက်လှမ်းတာတွေလည်း ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဓိက ဆိုင်ပိုင်ရှင်တွေက Mask မတပ်ဘူး၊ Face shield မတပ်ဘူး၊ Apron မဝတ်ထားဘူး၊ ဆိုင်ထိုင်တဲ့ လူတော်တော်များများကလည်း နှာခေါင်းစည်း တပ်မထားဘူး၊ အဲဒါတွေ ဖြစ်နေတာ။ စည်းရုံးဆောင်ရွက်ရဖို့ အနေအထားဖြစ်နေတယ်။”
ချောက်မြို့နယ် ကျန်းမာရေးအဖွဲ့မှ ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူဝင်ကြီးကြပ်ရေးဦးစီးဌာနတို့ ပူပေါင်းထားတဲ့ စစ်ဆေးရေးအဖွဲ့က ချောက်မြို့ရှိ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ၈၀ ကျော်ထဲက ဆိုင် ၃၀ ကို ပထမအကြိမ် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ တပတ် တကြိမ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
စည်းကမ်းမလိုက်နာတဲ့ ဆိုင်တွေကို နှစ်ကြိမ် သတိပေးအဆင့် ဆောင်ရွက်မှာဖြစ်ပြီး တတိယအကြိမ်မှာတော့ ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကာလအတွင်း ပါဆယ်စနစ်သာ ခွင့်ပြုခဲ့တဲ့ ဆိုင်တွေကို ကျန်းမာရေးလမ်းညွှန်မှုအရ အပူချိန်တိုင်းတာ၊ Mask တပ်တာ၊ လက်ဆေးရည်ထားဖို့ အပါအဝင် ရောင်းချသူ လိုက်နာဖို့ အချက် ၁၁ ချက်၊ ဆိုင်မှာ ပြင်ဆင်ထားဖို့ အချက် ၁၁ ချက်နဲ့ စားသုံးသူလိုက်နာဖို့ အချက် ၅ တို့နဲ့ ဇွန်လဆန်းပိုင်းက ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။
ကိုလင်း(ချောက်)