close

ပုသိမ်တွင် ဟိုတယ်နှင့် တည်းခိုခန်းများကို စစ်ကောင်စီတပ်က ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ ရဲတွေက ရှောင်တခင်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၁၄ ရပ်ကွက်တွေမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို နိုဝင်ဘာ ၁ ရက် ညပိုင်းက ရှောင်တခင် ဝင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဘာကြောင့်ဆိုတာတော့ အတိအကျတော့ မသိရဘူး။ မနေ့က ညပိုင်းတော့ အုပ်စုလိုက်ကို ဝင်စစ်တာ။ စကစကကောင်တွေရော ရဲတွေရောပါတယ်။ PDF တွေ သတင်းရလို့နေမယ်” လို့ ပြောပါတယ်။

ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ဧည့်စာရင်းဝင်စစ်သလိုမျိုးနဲ့ စစ်ဆေးတဲ့အခါမှာလည်း မသင်္ကာတဲ့သူ လာတယ်လို့ထင်ရင် သတင်းပေးဖို့အတွက် မှာကြားသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုသိမ်မြို့မှာ ညမထွက်ရအမိန့် ကျော်လွန်ချိန် ည ၁၀ ကျော်ကစတင်ကာ ဒရုန်းတွေအသုံးပြုပြီး ကောင်းကင်ကနေ ကင်းထောက်လှမ်းတာတွေလည်း ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up