close

လက်ထိဘော

close

December 2, 2022

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲက လက်ထိဘောအတွက် ဂါနာကို တောင်းပန်ရန်မရှိဟု ဆွာရက်ဖ်ပြော

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲက လက်ထိဘောနဲ့ ပတ်သက်ပြီး ဂါနာအသင်းကို တောင်းပန်ဖို့မရှိ ဘူးလို့ ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်က ပြောပါတယ်။

ဥရုဂွေးနဲ့ ဂါနာတို့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ၂၀၁၀ ပြိုင်ပွဲမှာ အချိန်ပိုအထိရောက်ရှိခဲ့ပြီး ပွဲပြီးခါနီးမှာ ဆွာရက်ဇ်က ဂါနာအသင်းရဲ့ ဂိုးသွင်းမှုကို ဂိုးစည်းပေါ်ကနေလက်နဲ့ ပုတ်ပြီးတားဆီးခဲ့တာပါ။

အဲဒီအတွက် အနီကတ်ပြခံခဲ့ရပေမယ့် ရရှိလာတဲ့ပင်နယ်တီကို ဂါနာက အဆာမိုဂျန်က ဂိုးဝင်အောင်မသွင်းနိုင်ခဲ့ပါဘူး။

ပင်နယ်ဆီအဆုံးအဖြတ်မှာတော့ တယောက်လျော့ ဥရုဂွေးကအနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တာပါ။ အခုနှစ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂါနာနဲ့ ဥရုဂွေးတို့က အဲဒီဖြစ်ရပ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံမှာပါ။

ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ အဲဒီတုန်းက လက်နဲ့ တားဆီးခဲ့တဲ့ အပေါ် ဂါနာအသင်းကို တောင်းပန်စရာမရှိကြောင်း၊ ကစားသမားတစ်ယောက် ဒဏ်ရာရရှိခဲ့တာမျိုး ဆိုရင်တော့ တောင်းပန်စရာရှိပေမယ့် လက်ထိဘောဖြစ်လို့ အနီကတ်ပြသခံရတာဖြစ်တဲ့အတွက် တောင်းပန်စရာ မလိုအပ်ကြောင်း ဆွာရက်ဇ်က ပြောပါတယ်။

၂၀၁၀ ဂါနာလူစာရင်းမှာပါဝင်ခဲ့တဲ့ အသင်းခေါင်ဆောင် အန်ဒရီအယူးကတော့  အဲဒီတုန်းကအဖြစ်ဆိုးကို ပြန်မတွေးချင်တော့ဘဲ နိုင်ပွဲရယူနိုင်ဖို့သာ အာရုံစိုက်ထားကြောင်း ပြောသွားပါတယ်။ 

13 mins Ago

April 24, 2022

နောက်ခံလူဆီဒရစ်၏ လက်ထိဘော ပင်နယ်တီမရသည့်အပေါ် မန်ယူပရိသတ်များ ဝေဖန်

အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ နောက်ခံလူ ဆီဒရစ် လက်ထိဘောဖြစ်ခဲ့ပေမယ့် ပင်နယ်တီမ ပေးခဲ့တဲ့အပေါ် မန်ယူပရိသတ်တွေက ဝေဖန်ပါတယ်။ 

အာဆင်နယ်က ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရနေတဲ့ ပွဲချိန် ၃၄ မိနစ်လောက်မှာ ဂျေဒန်ဆန်ချိုဆီက ဘောလုံးလိုက်လံလုခဲ့တဲ့ အာဆင်နယ်နောက်ခံလူ ဆီဒရစ်ဟာ ပင်နယ်တီဧရိယာစည်းပေါ်မှာ ဘောလုံးကို လက်နဲ့ထိမိခဲ့တာပါ။ 

အဲဒီအပေါ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောမပေးခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်တွေကို မန်ယူပရိသတ်တွေက ဝေဖန်ခဲ့တာပါ။ 

အဲဒီဖြစ်ရပ်မတိုင်ခင်မှာ မန်ယူနောက်ခံလူ တဲလက်စ်က အာဆင်နယ်ကစားသမား ဆာကာကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့ပြီး VAR နဲ့ အပြန်အလှန်စစ်ဆေးခဲ့ပြီးနောက် ပင်နယ်တီပြစ်ဒဏ် ဘောအဖြစ် ကွင်းလယ်ဒိုင်ကဆုံးဖြတ်ခဲ့ပါတယ်။ 

မန်ယူအသင်းရရှိနိုင်တဲ့ ပင်နယ်တီဖြစ်ရပ်မှာတော့ VAR နဲ့ ပြန်လည်စစ်ဆေးခြင်းမရှိတာက မျှတမှုမရှိကြောင်း မန်ယူပရိသတ်တွေက တွစ်တာမှာ ဝေဖန်ခဲ့ကြတာပါ။ 

ဒါ့အပြင် အီလန်ဂါကို အာဆင်နယ်နောက်ခံလူ တာဗာရက်က ပင်နယ်တီဧရိယာထဲမှာ ဆွဲ လှဲခဲ့ပေမယ့် ပင်နယ်တီမပေးတဲ့အပေါ်မှာလည်း မန်ယူပရိသတ်တွေက မကျေမနပ်ဖြစ်ခဲ့ပါတယ်။ 

မန်ယူ အသင်းဟာ ဒုတိယပိုင်းမှာတော့ တာဗာရက်ရဲ့လက်ထိဘောကြောင့် ပင်နယ်တီရခဲ့ပေမယ့် ကွင်းလယ်လူ ဖာနန်ဒက်စ်က ဝင်အောင်မကန်သွင်းနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ 

7 months Ago
Up