close

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲက လက်ထိဘောအတွက် ဂါနာကို တောင်းပန်ရန်မရှိဟု ဆွာရက်ဖ်ပြော

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲက လက်ထိဘောနဲ့ ပတ်သက်ပြီး ဂါနာအသင်းကို တောင်းပန်ဖို့မရှိ ဘူးလို့ ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်က ပြောပါတယ်။

ဥရုဂွေးနဲ့ ဂါနာတို့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ၂၀၁၀ ပြိုင်ပွဲမှာ အချိန်ပိုအထိရောက်ရှိခဲ့ပြီး ပွဲပြီးခါနီးမှာ ဆွာရက်ဇ်က ဂါနာအသင်းရဲ့ ဂိုးသွင်းမှုကို ဂိုးစည်းပေါ်ကနေလက်နဲ့ ပုတ်ပြီးတားဆီးခဲ့တာပါ။

အဲဒီအတွက် အနီကတ်ပြခံခဲ့ရပေမယ့် ရရှိလာတဲ့ပင်နယ်တီကို ဂါနာက အဆာမိုဂျန်က ဂိုးဝင်အောင်မသွင်းနိုင်ခဲ့ပါဘူး။

ပင်နယ်ဆီအဆုံးအဖြတ်မှာတော့ တယောက်လျော့ ဥရုဂွေးကအနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တာပါ။ အခုနှစ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂါနာနဲ့ ဥရုဂွေးတို့က အဲဒီဖြစ်ရပ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံမှာပါ။

ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ အဲဒီတုန်းက လက်နဲ့ တားဆီးခဲ့တဲ့ အပေါ် ဂါနာအသင်းကို တောင်းပန်စရာမရှိကြောင်း၊ ကစားသမားတစ်ယောက် ဒဏ်ရာရရှိခဲ့တာမျိုး ဆိုရင်တော့ တောင်းပန်စရာရှိပေမယ့် လက်ထိဘောဖြစ်လို့ အနီကတ်ပြသခံရတာဖြစ်တဲ့အတွက် တောင်းပန်စရာ မလိုအပ်ကြောင်း ဆွာရက်ဇ်က ပြောပါတယ်။

၂၀၁၀ ဂါနာလူစာရင်းမှာပါဝင်ခဲ့တဲ့ အသင်းခေါင်ဆောင် အန်ဒရီအယူးကတော့  အဲဒီတုန်းကအဖြစ်ဆိုးကို ပြန်မတွေးချင်တော့ဘဲ နိုင်ပွဲရယူနိုင်ဖို့သာ အာရုံစိုက်ထားကြောင်း ပြောသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up