close

လက်နက်ကိုင်ပဋိပက္ခ

close

September 2, 2022

၁၈ လတာကာလအတွင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၆,၆၀၀ ကျော် ဖြစ်ပွား

စစ်အာဏာသိမ်းပြီးနောက် ၁၈ လအတွင်း နိုင်ငံတဝန်း တိုက်ပွဲ ၆,၆၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ISP Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ခိုက်မှု အကြိမ် ၆,၆၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs အကြား တိုက်ပွဲပေါင်း ၄,၀၅၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/CNDF/KNDF) စတဲ့ အဖွဲ့အတွေအကြား တိုက်ပွဲ ၁,၇၁၁ ကြိမ်ထက်မနည်းလည်း ဖြစ်ပွားခဲ့ကြောင်း ဖော်ပြပါတယ်။

EAOS တပ်ဖွဲ့အချင်းချင်းကြားလည်း တိုက်ပွဲ ၄၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို ၂၀၂၂ မေလအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ EAOs တပ်ဖွဲ့တို့အကြား တိုက်ပွဲ ၁ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီနဲ့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ၃၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကျိုးဆက်တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိသလို မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

11 mins Ago

November 23, 2020

လက်နက်ကိုင်ပဋိပက္ခကြောင့် အရပ်သားသေဆုံးမှု ယမန်နှစ်ကထက် ၇၀ ရာခိုင်နှုန်းမြင့်တက်

မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုဟာ ၂၀၂၀ ပြည့်နှစ်မှာ အရင်နှစ်ကထက် ၇၀ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုကနေ သိရပါတယ်။  ၂၀၂၀ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူ အရပ်သား အနည်းဆုံး ၂၇၆ ဦးနဲ့ ဒဏ်ရာရရှိသူအရပ်သား အနည်းဆုံး ၅၈၄ ဦး ရှိခဲ့တယ်လို့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံးဖြစ်ခဲ့တာကတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာဖြစ်ပါတယ်။ အခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေကို လေ့လာကြည့်ရင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်သေဆုံးတာတွေရှိသလို၊ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်တာ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တွေကြောင့်လည်း အရပ်သား အများအပြား ထိခိုက်နစ်နာရတယ်လို့ ဆိုပါတယ်။ အငြိမ်းစား တပ်မတော် အရာရှိတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ လက်နက်ကိုင်ပဋိပက္ခတွေမှာ အရပ်သားသေဆုံးတဲ့နှုန်း မြင့်တက်လာတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေက အရပ်သားတွေအကြားမှာ  ပြောက်ကျားစနစ်ကို သုံးပြီး တပ်မတော်ကို ရင်ဆိုင်တာကြောင့်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ MIPS ရဲ့ သုတေသနတွေအရ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေများပြားခဲ့ပြီး နှစ်လယ်ပိုင်းမှာ ထိတွေ့မှုလျော့နည်းခဲ့တယ်လို့သိရပါတယ်။ ရွေးကောက်ပွဲ အကြိုကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ တိုက်ပွဲဖြစ်ပွားတဲ့နှုန်း ပြန်မြင့်လာတာတွေ့ရပြီး  ရွေးကောက်ပွဲကာလမှာတော့ တိုက်ပွဲတွေ လုံးဝ ရပ်ဆိုင်းခဲ့တာတွေ့ရတယ်လို့ ဆိုပါတယ်။ 
2 years Ago
Up