close

လက်နက်ကိုင်

close

May 7, 2023

ကွန်ဂိုရှိ လက်နက်ကိုင်များ လက်နက်ချရန် ကုလပြော

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းက လက်နက်ကိုင်အဖွဲ့အားလုံး လက်နက်ချထားဖို့  မေ ၆ ရက်က တိုက်တွန်းခဲ့ပါတယ်။

သူတို့ရဲ့ တည်ရှိမှုဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဆိုးတွေကို ဖြစ်စေပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။

ဂူတားရဲ့စ်ဟာ ဘူရွန်ဒီနိုင်ငံရဲ့ မြို့တော် ဘူဂျန်ဘူရာမှာ ကျင်းပတဲ့ ဒေသဆိုင်ရာခေါင်းဆောင်များ အစည်းအဝေးမှာ ခုလိုပြောခဲ့တာပါ။

အကြမ်းဖက်မှုတွေနဲ့ အစုလိုက်အပြုံလိုက်ထွက်ပြေးခြင်းတွေအတွက် လက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင်ကတော့ အရပ်သားတွေကို အပြစ်တင်ခဲ့ပြီး ကွန်ဂိုရဲ့ လုံခြုံရေးအခြေအနေတွေကို ဆွေးနွေးဖို့ ပြောခဲ့ပါတယ်။  

ကွန်ဂိုအရှေ့ပိုင်းဟာ M23 နဲ့ မဟာမိတ်ဒီမိုကရက်တစ်တပ်ဖွဲ့ (ADF) အပါအဝင် အဖွဲ့ပေါင်းစုံက လက်နက် ကိုင်သောင်းကျန်းသူတွေရဲ့ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတွေအပါအဝင် ကျယ်ပြန့်တဲ့ အကြမ်းဖက်မှုတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရပါတယ်။

ဒေသတွင်း လုံခြုံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုနှုန်းအလိုက် ခြိမ်းခြောက်နေတဲ့အတွက် ပြည်တွင်းပြည်ပက လက်နက်ကိုင်အဖွဲ့တွေ အရှိန်လျော့ချရေး၊ လျော့ပါးသက်သာရေးနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုချက်တွေအတွက် သူတို့ဟာ ကွန်ဂိုမှာ လက်နက်ချရမယ်လို့ ကုလအတွင်းရေး မှူးချုပ် ဂုတာရက်စ်က ပြောပါတယ်။ 

၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက M23 ပြန်လည်ပေါ်ပေါက်လာမှုကြောင့် အနည်းဆုံး လူ ၅ သိန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။

အိမ်နီးချင်း ရဝမ်ဒါက M23 သူပုန်တွေကို ပံ့ပိုးကူညီနေတယ်လို့ ကွန်ဂိုနိုင်ငံက စွပ်စွဲထားပါတယ်။

ကွန်ဂိုအရှေ့ပိုင်းဒေသဟာ တွစ်ဆီလူမျိုးစုအများစုနဲ့  ဖွဲ့စည်းထားပါတယ်။ ရဝမ်ဒါက ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ကွန်ဂိုဟာ သူ့ရဲ့ တွစ်ဆီ တိုင်းရင်းသားတွေကို နှိပ်စက်ညှဉ်းပန်းရင်း သူတို့အပေါ် လူမျိုးရေးမုန်းတီးမှုကို အားပေးနေတယ်လို့ တန်ပြန် စွပ်စွဲထားပါတယ်။

အမုန်းစကားနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှု အဆုံးသတ်ဖို့  ဂူတာရက်စ်က နိုင်ငံရေး ခေါင်းဆောင်တွေကို ဆော်ဩခဲ့ပါတယ်။

1 min Ago

October 8, 2022

လက်နက်ကိုင်များ၏တိုက်ခိုက်မှုကြောင့် မက္ကဆီကိုရှိ ဌာနေတိုင်းရင်းသားများ နေရပ်စွန့်ခွာ

မက္ကဆီကိုတောင်ပိုင်း ချီယာပတ်စ်ပြည်နယ်မှာ ဆန်တာမားရ်တာမြို့ခံတွေကို လက်နက်ကိုင်အဖွဲ့ တွေက တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၆ ရက်မှာ ဌာနေတိုင်းရင်းသား ဒါဇင်နဲ့ချီပြီး နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ 

လက်နက်ကိုင်အဖွဲ့တွေဟာ အိမ်တွေ မြေတွေကို အသည်းအသန် ပြန်သိမ်းယူဖို့ ကြိုးပမ်းရာမှာ စက်တင်ဘာလ ကတည်းက တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ 

ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ပြီး အနည်းဆုံး နေအိမ်တစ်ဒါဇင်လောက် မီးလောင် ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

အိမ်နီးချင်းကျေးရွာ မာဂျိုမတ် ရွာကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင် အိုးမဲ့အိမ်မဲ့ မိသားစုတွေဟာ နေရာထိုင်ခင်း ရှာဖွေနေကြရပြီး အစိုးရ၊ ဆေးမှူးတွေ ကြက်ခြေနီအဖွဲ့တွေဆီမှ အကူအညီကို စောင့်ဆိုင်းနေကြပါတယ်။

ဆန်တာမားရ်တာ အိုးအိမ်စွန့်ပြေး ဒုက္ခသည် အသိုင်းအဝိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ရေနယ်လ်ဒို ပီရက်ဇ်က“မနေ့က မိသားစု ခုနစ်စု ဒီကို ရောက်လာကြောင်း၊ ဒါပေမဲ့ ရာသီဥတု အခြေအနေနဲ့ မိုးရွာတာကြောင့် စစ်ဘေးရှောင်တွေ နေဖို့နဲ့ ဖျားနာသူတွေကို ထားဖို့ နေရာရှာနေကြောင်း၊ ဒါပေမဲ့ အခုလောလောဆယ်မှာ ဆေးမှူး၊ ကြက်ခြေနီနဲ့ အစိုးရဘက်က ဘယ်သူမှ မလာဘူး”လို့ ပြောပါတယ်။

ရိုက်တာမှ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုမှာ အိုးမဲ့အိမ်မဲ့ ဇော့ထ်ဇေးလ် ဌာနေတိုင်းရင်းသားတွေ ဒါဇင်နဲ့ချီပြီး ပလပ်စတစ်တဲတစ်ခုအောက်မှာ မိုးခိုနေကြတာကို ပြသခဲ့ပါတယ်။ 

ပြည်သူတွေကို အကာအကွယ်ပေးမယ့် လက်နက်ကိုင် တပ်ဖွဲ့တွေက ကြာသပတေးနေ့မှာ ရောက်ရှိလာပါတယ်။ ချီယာပတ်စ်ပြည်နယ် အစိုးရရှေ့နေက တိုက်ပွဲတွေအတွင်း ဌာနေတိုင်းရင်းသားတစ်ဦး သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။   

7 months Ago
Up