close

ကွန်ဂိုရှိ လက်နက်ကိုင်များ လက်နက်ချရန် ကုလပြော

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းက လက်နက်ကိုင်အဖွဲ့အားလုံး လက်နက်ချထားဖို့  မေ ၆ ရက်က တိုက်တွန်းခဲ့ပါတယ်။

သူတို့ရဲ့ တည်ရှိမှုဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဆိုးတွေကို ဖြစ်စေပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။

ဂူတားရဲ့စ်ဟာ ဘူရွန်ဒီနိုင်ငံရဲ့ မြို့တော် ဘူဂျန်ဘူရာမှာ ကျင်းပတဲ့ ဒေသဆိုင်ရာခေါင်းဆောင်များ အစည်းအဝေးမှာ ခုလိုပြောခဲ့တာပါ။

အကြမ်းဖက်မှုတွေနဲ့ အစုလိုက်အပြုံလိုက်ထွက်ပြေးခြင်းတွေအတွက် လက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင်ကတော့ အရပ်သားတွေကို အပြစ်တင်ခဲ့ပြီး ကွန်ဂိုရဲ့ လုံခြုံရေးအခြေအနေတွေကို ဆွေးနွေးဖို့ ပြောခဲ့ပါတယ်။  

ကွန်ဂိုအရှေ့ပိုင်းဟာ M23 နဲ့ မဟာမိတ်ဒီမိုကရက်တစ်တပ်ဖွဲ့ (ADF) အပါအဝင် အဖွဲ့ပေါင်းစုံက လက်နက် ကိုင်သောင်းကျန်းသူတွေရဲ့ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတွေအပါအဝင် ကျယ်ပြန့်တဲ့ အကြမ်းဖက်မှုတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရပါတယ်။

ဒေသတွင်း လုံခြုံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုနှုန်းအလိုက် ခြိမ်းခြောက်နေတဲ့အတွက် ပြည်တွင်းပြည်ပက လက်နက်ကိုင်အဖွဲ့တွေ အရှိန်လျော့ချရေး၊ လျော့ပါးသက်သာရေးနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုချက်တွေအတွက် သူတို့ဟာ ကွန်ဂိုမှာ လက်နက်ချရမယ်လို့ ကုလအတွင်းရေး မှူးချုပ် ဂုတာရက်စ်က ပြောပါတယ်။ 

၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက M23 ပြန်လည်ပေါ်ပေါက်လာမှုကြောင့် အနည်းဆုံး လူ ၅ သိန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။

အိမ်နီးချင်း ရဝမ်ဒါက M23 သူပုန်တွေကို ပံ့ပိုးကူညီနေတယ်လို့ ကွန်ဂိုနိုင်ငံက စွပ်စွဲထားပါတယ်။

ကွန်ဂိုအရှေ့ပိုင်းဒေသဟာ တွစ်ဆီလူမျိုးစုအများစုနဲ့  ဖွဲ့စည်းထားပါတယ်။ ရဝမ်ဒါက ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ကွန်ဂိုဟာ သူ့ရဲ့ တွစ်ဆီ တိုင်းရင်းသားတွေကို နှိပ်စက်ညှဉ်းပန်းရင်း သူတို့အပေါ် လူမျိုးရေးမုန်းတီးမှုကို အားပေးနေတယ်လို့ တန်ပြန် စွပ်စွဲထားပါတယ်။

အမုန်းစကားနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှု အဆုံးသတ်ဖို့  ဂူတာရက်စ်က နိုင်ငံရေး ခေါင်းဆောင်တွေကို ဆော်ဩခဲ့ပါတယ်။

Up