close

လက်မှတ်ဈေးနှုန်း

close

April 5, 2022

ဘန်ကောက်တွင်ကစားမည့် မန်ယူ-လီဗာပူးပွဲလက်မှတ် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲထက် ဈေးကြီးနေ

ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မှာ ကစားကြမယ့် မန်ယူနဲ့ လီဗာပူးအသင်းတို့ရဲ့ ချစ်ကြည်ရေး ဘောလုံးပွဲ ပွဲလက်မှတ်ဈေးနှုန်းတွေဟာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ လက်မှတ်ဈေးနှုန်းတွေထက် ကြီးမြင့်နေတာကြောင့် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

ရာဇမင်္ဂလာအမျိုးသားအားကစားရုံမှာ လာမယ့် ဇူလိုင် ၁၂ ရက် ည ၈ နာရီမှာ ကစားကြမယ့် ဒီပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းတွေကိုတော့ အနည်းဆုံးဘတ် ၅၀၀၀ ကနေ အများဆုံးဘတ် ၂၅၀၀၀ ထိ အသီးသီး သတ်မှတ်ရောင်းချနေပြီး ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ လက်မှတ်ဈေးနှုန်းတွေကတော့ အနည်းဆုံး ဘတ် ၂,၆၀၀ ကနေ အများဆုံးဘတ် ၂၂,၂၀၀ ထိသာ ရှိတယ်လို့ ဆိုပါတယ်။

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးအသင်းနဲ့ နည်းပြသစ်တယောက်နဲ့အတူ ရောက်ရှိလာမယ့် မန်ယူအသင်းတို့ရဲ့ လာမယ့် ဇူလိုင်လ ပွဲစဉ်ကို ထိုင်းပရိသတ်တွေက ကြည့်ရှုရမယ့် အခွင့်အရေးဖြစ်နေပြီး ဘယ်ကစားသမားတွေ ပါဝင်ကြမယ်ဆိုတာကိုတော့ ပွဲစီစဉ်သူတွေက ထုတ်ပြောထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ ကလပ်အသင်း ၂ သင်းလုံးရဲ့ ပထမတန်း ကစားသမားတွေ ပါဝင်မယ်လို့တော့ အတည်ပြုထားတာပါ။

Thaiticketmajor ကတဆင့် ရောင်းချနေတဲ့ လက်မှတ်တွေကိုတော့ အနည်းဆုံးဘတ် ၅,၀၀၀ အဆင့် ၅ ကနေ ဘတ် ၂ သောင်းခွဲ ပလက်တီနမ်အဆင့်ထိ ရောင်းချနေပြီး ခုံတွေအများစုကကတော့ ဘတ် ၂ သောင်းတန် ငွေအဆင့်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာဟာ ဘတ် ၁ သောင်းအောက်သာ ရှိနေတာမို့ ခုလိုလက်မှတ်ဈေးနှုန်းတွေ ချန်ပီယံလိဂ်ပွဲလက်မှတ်ထက် ကြီးမြင့်တဲ့အပေါ် နှိုင်းယှဉ်ဝေဖန်မှုတွေလည်း ရှိနေတာပါ။

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ရဲ့ ပြီးခဲ့တဲ့နှစ် ဖိုင်နယ်ပွဲစဉ်မှာတော့ အဆင့် ၄ ကို ဘတ် ၂,၆၀၀ နဲ့ရောင်းချခဲ့တာဖြစ်ပြီး အဆင့် ၁ ကို ဘတ် ၂၂,၂၀၀ နဲ့ အမြင့်ဆုံးသတ်မှတ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဘောလုံးပရိသတ်တွေက ပရီးမီးယားလိဂ်ကလပ်အသင်းကြီး ၂ သင်းရဲ့ ပွဲလက်မှတ်တွေ ကြီးမြင့်တာကြောင့် ကြည့်ရှုဖို့ အားမထုတ်နိုင်ဘူးလို့ ပြောကြပေမယ့် ရောင်းချတဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘတ် ၂ သောင်းနဲ့အထက် ဈေးကြီးတဲ့ ထိုင်ခုံနေရာတွေကလွဲလို့ ကျန်တဲ့ အောက်အဆင့်လက်မှတ်တွေအားလုံးဟာ ရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။

7 mins Ago

March 1, 2022

တစ်ရာသီစာလက်မှတ်စျေးနှုန်းအမြင့်ဆုံး အာဆင်နယ်အသင်း စျေးနှုန်းထပ်မံတိုးမြှင့်

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ လက်မှတ်စျေးနှုန်းအမြင့်ဆုံးအသင်း ဖြစ်ပေမယ့် ထပ်မံ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

၂၀၁၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် လက်မှတ်စျေးနှုန်း တိုးမြှင့်လိုက်တာဖြစ်ပြီး ဥရောပဝင်ခွင့်ရ၊ မရအပေါ် မူတည်ပြီး တိုးမြှင့်တဲ့ပမာဏကို သတ်မှတ်မှာဖြစ်ပါတယ်။ 

ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင်   ၄၉ ပေါင်ကနေ ၁၂၆၈ ပေါင်အထိ စျေးနှုန်း တိုးမြှင့်မှာဖြစ်ပြီး ယူရိုပါလိဂ်သာ ဝင်ခွင့်ရရင်တော့  ၄၄ပေါင် ကနေ ၁၁၃၉ ပေါင်အထိ တိုးမြှင့်မှာပါ။ 

ဥရောပဝင်ခွင့်မရခဲ့ရင်လည်း ပေါင် ၄၀ ကနေပေါင် ၁၀၅၀  အထိ စျေးနှုန်းတိုးမြှင့်မှာဖြစ်ကြောင်း အာဆင်နယ်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

လက်မှတ်စျေးနှုန်းတိုးမြှင့်ခဲ့တာကို ဘယ်သူကမှ ကျေနပ်မှာမဟုတ်ဘူးဆိုတာကို သိမြင်ပေမဲ့ ကုန်ကျစရိတ်အခက်အခဲကြောင့် ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်ကြောင်း အာဆင်နယ်က သတင်းထုတ်ပြန်ပါတယ်။ 

အာဆင်နယ်အသင်းဟာ မူလကတည်းက ပရီးမီးယားလိဂ်မှာ တစ်ရာသီစာလက်မှတ်စျေးအကြီးဆုံးအသင်းဖြစ်ပြီး စပါး၊ လီဗာပူး၊ ချဲလ်ဆီးနဲ့ ဝုဗ်အသင်းတွေက သိပ်မကွာတဲ့ ပမာဏနဲ့ နောက်ကလိုက်နေပါတယ်။ 

အာဆင်နယ်ဟာ လက်မှတ်စျေးတိုးမြှင့်လိုက်တာကြောင့် လာမယ့်ရာသီမှာ ပေါင် ၄ သန်းလောက် အမြတ်ငွေပိုကျန်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

1 month Ago
Up