close

လစာ ၂ ဆ

close

April 18, 2022

မောင်တောခရိုင်မှ နိုင်ငံဝန်ထမ်းများ လစာ ၂ ဆ ဆက်လက်ခံစားခွင့်ရ

ရခိုင်ပြည်နယ်၊ မောင်တော​ခရိုင်ဖြစ်တဲ့ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတွေ လစာ ၂ ဆ ဆက်လက်ခံစားခွင့်ရရှိတယ်လို့ ဝန်ထမ်းတွေထံက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မောင်တောခရိုင်မှ ဝန်ထမ်းတွေ လစာ ၂ ဆ ဆက်လက်ခံစားခွင့်မ မရှိတော့မှာကို  စစ်ကောင်စီဩဇာခံ  NONC- CDM  ဝန်ထမ်းအများစုက  စိုးရိမ်နေခဲ့ကြတာပါ။

အဲဒီလို လစာ ၂ ဆ ခွင့်ပြုချက်ကို ဧပြီ ၇ ရက်က   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနတွေကို ဧပြီ ၊ မေ၊ ဇွန် ၃ လအား  အရင် နည်းတူ လစာ ၂ ဆ ပေးဖို့ ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

မောင်တောခရိုင်မှာ  တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးက "စစ်ကောင်စီ အစိုးရက နောက်ထပ် ၃ လ ပြန်လည်သတ်မှတ်ပေးလိုက်တာပါ။"လို့ ပြောပါတယ်။

မောင်တောခရိုင်မှာ တာဝန်ကျတဲ့ အစိုးရဝန်ထမ်းတွေကို လစာ ၂ ဆ ခံစားခွင့်ပြုဖို့အတွက် သုံးလတစ်ကြိမ် ညွှန်ကြားချက်ထုတ်ပြန်ပြီး ခွင့်ပြုပေးနေတာရလည်းဖြစ်ပါတယ်။

မောင်တောခရိုင်အတွင်း ဝန်ထမ်းတွေ လစာ၂ ဆ ရရှိပေမဲ့ ကုန်စျေးနှုန်းမြင့်တက်လာတာကြောင့် ဝန်ထမ်းမိသားစုတွေ စားဝတ်နေရေး အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဝန်ထမ်းတဦးကတော့ "အရင်က ကြက်ဥ ၁၀၀၀ ဖိုး ၈ လုံးရတယ်။ အခု ၆ လုံးပဲ ရတောတယ်။ စားသောက်ကုန်တွေ အကုန်လုံးစျေးမြင့်တက်လာတော့ လစာ ၂ လစာရတယ်ဆိုပေမဲ့ ဘယ်လိုမှ မလုံလောက်တော့ဘူး။" လို့ ပြောပါတယ်။

မောင်တောခရိုင်မှဦ ၂ဝ၁၆/၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့်  ၂၀၁၇ ခုနှစ်အောက်တိုဘာလမှစလို့ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိလည်းကောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလကစလို့  ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာအထိ မူရင်းလစာရဲ့  ၂ ဆကို အထူးကိစ္စတစ်ရပ်အနေနဲ့ ၃ လ ၁ ကြိမ် အမိန့်စာထုတ်ပြန်ကာ ​ဝန်ထမ်းတွေကို  ခံစားခွင့်ပြုထားခဲ့တာလည်းဖြစ်ပါတယ်။

6 mins Ago

March 5, 2022

မောင်တောခရိုင်မှ ဝန်ထမ်းများ လစာ ၂ ဆ ခံစားခွင့်ရပ်ဆိုင်းခံရမှာ စိုးရိမ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ အရင် အန်အယ်လ်ဒီအစိုးရလက်ထက် ပေးထားတဲ့  လစာ ၂ ဆကို အခု အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ဆက်လက်ခံစားခွင့်မရရတော့မှာကို ဝန်ထမ်း အများစုက စိုးရိမ်နေကြပါတယ်။

မောင်တောမြို့မှာတာဝန်ကျတဲ့  နယ်ခြားစောင့်ဝန်ထမ်းတစ်ဦးက "ဟုတ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက်က သတ်မှတ်ပေးခဲ့တဲ့ လစာ ၂ ဆပါ။ အခုစစ်ကောင်စီလက်ထက်မှာလစာ ၂ ဆမပေးတော့ဘဲ ရပ်တန့်လိုက်ရင် စားဝတ်နေရေး လုံးဝအဆင်ပြေကြမှာမဟုတ်တော့ဘူး။ ကုန်စျေးနှုန်းတွေက အဆမတန်တက်နေတာ။ ဒါကြောင့် မောင်တောခရိုင်က ဝန်ထမ်းတွေ စိုးရိမ်နေကြတာပါ။"လို့  ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို  မူရင်းလစာရဲ့ ၂ ဆကို အထူးကိစ္စ တစ်ရပ်အနေနဲ့ ၃ လ ၁ ကြိမ် အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ကာ ခံစား ခွင့်ပြုထားခဲ့တာလည်း ဖြစ်ပါတယ်။ 

မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက "လက်ရှိအချိန် အထိတော့ မောင်တောခရိုင်က ဝန်ထမ်းတွေကို  ၂ လစာဆက်လက်ပေးမယ်၊ အမိန့်စာကို ပြည်နယ်အစိုးရက တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘူး။ အခု မတ်လ အတွင်းမှာ ထုတ်ပြန်ပေးမှာပါ။"လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း  ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ၂၀၁၇ အောက်တိုဘာမှ ၂ဝ၂၁ ဒီဇင်ဘာလအထိပဋိပက္ခတွေဖြစ်ပွားခဲ့သလို ဒီနောက်ပိုင်းမှာလည်း ရခိုင်ပြည်နယ် ဒေသအတော်များများနဲ့  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

1 month Ago
Up