close

မောင်တောခရိုင်မှ ဝန်ထမ်းများ လစာ ၂ ဆ ခံစားခွင့်ရပ်ဆိုင်းခံရမှာ စိုးရိမ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ အရင် အန်အယ်လ်ဒီအစိုးရလက်ထက် ပေးထားတဲ့  လစာ ၂ ဆကို အခု အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ဆက်လက်ခံစားခွင့်မရရတော့မှာကို ဝန်ထမ်း အများစုက စိုးရိမ်နေကြပါတယ်။

မောင်တောမြို့မှာတာဝန်ကျတဲ့  နယ်ခြားစောင့်ဝန်ထမ်းတစ်ဦးက "ဟုတ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက်က သတ်မှတ်ပေးခဲ့တဲ့ လစာ ၂ ဆပါ။ အခုစစ်ကောင်စီလက်ထက်မှာလစာ ၂ ဆမပေးတော့ဘဲ ရပ်တန့်လိုက်ရင် စားဝတ်နေရေး လုံးဝအဆင်ပြေကြမှာမဟုတ်တော့ဘူး။ ကုန်စျေးနှုန်းတွေက အဆမတန်တက်နေတာ။ ဒါကြောင့် မောင်တောခရိုင်က ဝန်ထမ်းတွေ စိုးရိမ်နေကြတာပါ။"လို့  ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို  မူရင်းလစာရဲ့ ၂ ဆကို အထူးကိစ္စ တစ်ရပ်အနေနဲ့ ၃ လ ၁ ကြိမ် အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ကာ ခံစား ခွင့်ပြုထားခဲ့တာလည်း ဖြစ်ပါတယ်။ 

မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက "လက်ရှိအချိန် အထိတော့ မောင်တောခရိုင်က ဝန်ထမ်းတွေကို  ၂ လစာဆက်လက်ပေးမယ်၊ အမိန့်စာကို ပြည်နယ်အစိုးရက တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘူး။ အခု မတ်လ အတွင်းမှာ ထုတ်ပြန်ပေးမှာပါ။"လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း  ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ၂၀၁၇ အောက်တိုဘာမှ ၂ဝ၂၁ ဒီဇင်ဘာလအထိပဋိပက္ခတွေဖြစ်ပွားခဲ့သလို ဒီနောက်ပိုင်းမှာလည်း ရခိုင်ပြည်နယ် ဒေသအတော်များများနဲ့  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up