close

လန်ဒန်ဒါဘီ

close

August 19, 2022

လန်ဒန်ဒါဘီတွင် VAR နှင့်ပတ်သက်ပြီး အမှားကျူးလွန်ခဲ့ဟု ဒိုင်လူကြီး မိုက်ဒိန်းဝန်ခံ

ချဲလ်ဆီးနဲ့ စပါးအသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ VAR နဲ့ ပတ်သက်ပြီး မှားယွင်း မှုပြုလုပ်ခဲ့ကြောင်း ဒိုင်လူကြီးမိုက်ဒိန်းက ဝန်ခံပါတယ်။

အဲဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ပွဲပြီးခါနီးအထိ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ဟာရီကိန်းရဲ့ခေါင်းတိုက်ဂိုးကြောင့် သရေပွဲဖြစ်ခဲ့ရတာပါ။

ဟယ်ရီကိန်းဂိုး မသွင်းခင်မှာ ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာရဲ့ဆံပင်ကို စပါးနောက်ခံလူ ရိုမဲရိုးကဆွဲခဲ့ပေမယ့် ပြစ်ဒဏ်ဘော မပေးခဲ့ပါဘူး။

ရိုမဲရိုးဟာ ကူကူရယ်လာရဲ့ဆံပင်ကို ဆွဲခဲ့ပေမယ့် ပြစ်ဒဏ်ဘောမဟုတ်ဘူးလို့ ယူဆခဲ့ကြောင်း၊ ဒါပေမဲ့ ကွင်းလယ်ဒိုင်တေလာကို ကွင်းဘေးက မော်နီတာကို ပြန်ကြည့်ပြီး စစ်ဆေးဖို့ အကြောင်း ကြားရမှာကိုတော့ ပျက်ကွက်ခဲ့ကြောင်း မိုက်ဒိန်းကဝန်ခံခဲ့တာပါ။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့  ချဲလ်ဆီးပရိသတ်တွေကတော့ စပါးနောက်ခံလူ ရိုမဲရိုးကို ထုတ်ပယ်ဖို့အထိ တောင်းဆိုခဲ့ ကြတာပါ။

ဒါပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘောတောင်သတ်မှတ်မပေးဘဲ ဟာရီကိန်းရဲ့ဂိုးကိုခွင့်ပြုပေး ခဲ့တာဖြစ်ပါတယ်။ 

2 hours Ago

August 15, 2022

လန်ဒန်ဒါဘီတွင် ရန်ဖြစ်ခဲ့သည့် နည်းပြကွန်တီနှင့် တူချယ်တို့ အနီကတ်ပြ ထုတ်ပယ်ခံရ

မနေ့ညက ကစားသွားခဲ့တဲ့  ချဲလ်ဆီးနဲ့ စပါးစ်တို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နည်းပြကွန်တီနဲ့ တူချယ်တို့ နှစ်ယောက်စလုံး အနီကတ်ပြခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။

သူတို့ နှစ်ယောက်ဟာ ကွင်းဘေးစည်းပေါ်မှာ နှစ်ကြိမ် တိုင်တိုင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပွဲပြီးဆုံးချိန် လက်ဆွဲနုတ်ဆက်ရာမှာလည်း ဒုတိယအကြိမ် တွန်းထိုးခဲ့ကြလို့ တခြားနည်းပြအဖွဲ့ဝင်တွေက ဖျန်ဖြေခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ခံ လူသစ် ကူလီဘာလီရဲ့ ဂိုးနဲ့ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်း ၆၈ မိနစ်မှာ ဟော့ဘယက်က စပါး အတွက် ချေပဂိုး ပြန်သွင်းပါတယ်။

အဲဒီအချိန်မှာ စပါးစ်နည်းပြကွန်တီက ချဲလ်ဆီးနည်းပြ တူချယ်ရှေ့ကို လာရောက်အောင်ပွဲခံခဲ့လို့ ပထမအကြိမ် အချင်းများခဲ့ကြပြီး ဝိုင်းဝန်း ဖျန်ဖြေခဲ့ရပါတယ်။

အဲဒီဂိုးမပေးရခင်မှာ ခိုင်ဟာဗက်ဇ် ပြစ်ဒဏ်ကျူးလွန်းခံရတာကို ပြစ်ဒဏ်ဘော သတ်မှတ် မပေးတဲ့အတွက်လည်း နည်းပြတူချယ်က ဒေါသထွက်ခဲ့ပါတယ်။

အဲဒီနောက် ပွဲချိန် ၇၇ မိနစ်မှာ ဂျိမ်းစ်က ဦးဆောင်ဂိုး သွင်းခဲ့အပြီးမှာ နည်းပြတူချယ်က အလွန်အကျူး အောင်ပွဲခံခဲ့ပါတယ်။

ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရဖို့ အခြေအနေ ကောင်းခဲ့ပေမယ့် ပွဲချိန် ၉၆ မိနစ်မှာ ထောင့်ကန်ဘောကနေ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းက ခေါင်းတိုက်သွင်းခဲ့လို့ ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။

ပွဲသိမ်းခရာမှုတ်ချိန်မှာ ကွန်တီက တူချယ်နဲ့လက်ဆွဲနှုတ်ဆက်ခဲ့ရာမှာ တူချယ်က လက်ကို ပြန်လွှတ်မပေးဘဲ ဆွဲထားတာကနေစတင်ပြီး တွန်းထိုးခဲ့ကြလို့ ဒိုင်လူကြီးက သူတို့ နှစ်ယောက် စလုံးကိုအနီကတ်ပြ ထုတ်ပယ်သွားခဲ့တာပါ။

ဒါ့အပြင် နှစ်သင်းစလုံးရဲ့ နည်းပြအဖွဲ့ဝင်တယောက် စီလည်း အဝါကတ်ပြသခံခဲ့ရပါတယ်။ နည်းပြတူချယ်ကတော့ ကွန်တီနဲ့ အချင်းများခဲ့ပေမယ့် တစ်ဦးနဲ့တစ်ဦး ထိခိုက်မိအောင် မလုပ်ခဲ့ကြကြောင်း၊ ကိုယ့်အသင်းအတွက် ကိုယ်စီ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး အနီကတ်ပြသခံခဲ့ရတာက အံ့အားသင့်စရာဖြစ်ကြောင်း ပွဲအပြီးမှာပြောသွားပါတယ်။

4 days Ago
Up