လန်ဒန်ဒါဘီတွင် VAR နှင့်ပတ်သက်ပြီး အမှားကျူးလွန်ခဲ့ဟု ဒိုင်လူကြီး မိုက်ဒိန်းဝန်ခံ

ချဲလ်ဆီးနဲ့ စပါးအသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ VAR နဲ့ ပတ်သက်ပြီး မှားယွင်း မှုပြုလုပ်ခဲ့ကြောင်း ဒိုင်လူကြီးမိုက်ဒိန်းက ဝန်ခံပါတယ်။
အဲဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ပွဲပြီးခါနီးအထိ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ဟာရီကိန်းရဲ့ခေါင်းတိုက်ဂိုးကြောင့် သရေပွဲဖြစ်ခဲ့ရတာပါ။
ဟယ်ရီကိန်းဂိုး မသွင်းခင်မှာ ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာရဲ့ဆံပင်ကို စပါးနောက်ခံလူ ရိုမဲရိုးကဆွဲခဲ့ပေမယ့် ပြစ်ဒဏ်ဘော မပေးခဲ့ပါဘူး။
ရိုမဲရိုးဟာ ကူကူရယ်လာရဲ့ဆံပင်ကို ဆွဲခဲ့ပေမယ့် ပြစ်ဒဏ်ဘောမဟုတ်ဘူးလို့ ယူဆခဲ့ကြောင်း၊ ဒါပေမဲ့ ကွင်းလယ်ဒိုင်တေလာကို ကွင်းဘေးက မော်နီတာကို ပြန်ကြည့်ပြီး စစ်ဆေးဖို့ အကြောင်း ကြားရမှာကိုတော့ ပျက်ကွက်ခဲ့ကြောင်း မိုက်ဒိန်းကဝန်ခံခဲ့တာပါ။
အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ချဲလ်ဆီးပရိသတ်တွေကတော့ စပါးနောက်ခံလူ ရိုမဲရိုးကို ထုတ်ပယ်ဖို့အထိ တောင်းဆိုခဲ့ ကြတာပါ။
ဒါပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘောတောင်သတ်မှတ်မပေးဘဲ ဟာရီကိန်းရဲ့ဂိုးကိုခွင့်ပြုပေး ခဲ့တာဖြစ်ပါတယ်။