close

လန်ပိကျွန်း

close

February 28, 2023

အဏ္ဏဝါအမျိုးသားဥယျာဥ် လန်ပိကျွန်းတွင် အာဏာပိုင်များနှင့်ပေါင်းပြီး ရွှေထုတ်၊ သစ်ခုတ်၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း အဏ္ဏဝါအမျိုးသားဥယျာဥ် အဖြစ် သတ်မှတ်ထားတဲ့ လန်ပိကျွန်းနဲ့ အနီးတဝိုက် ပတ်ဝန်းကျင်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေထုတ်လုပ်တာ၊ သစ်ခုတ်တာ၊ ငါးဖမ်းတာတွေကို စစ်ကောင်စီအာဏာပိုင်တွေနဲ့ ပတ်သက် ဆက်နွှယ်သူတွေက ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇူလိုင်လကစတင်ပြီး ဖောင်တွေနဲ့ သဲအ‌မြောက်အမြား စုပ်ယူတာ၊ ဆပ်ခရုတွေကို အလွန်အကျွံဖမ်းဆီးတာတွေကို ပြန်လည်ပြုလုပ်လာတယ်လို့ ပြောပါတယ်။

အခုလုပ်ကိုင်နေတဲ့သူတွေက ဒေသအတွင်း စစ်ကောင်စီအာဏာပိုင်တွေနဲ့ ဆက်စပ်တဲ့သူတွေ ဖြစ်တဲ့အတွက် ဘယ်သူမှမတိုင်ရဲကြဘူးလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရေရှည်ထုတ်ယူသုံးစွဲခြင်းနည်းကို စနစ်တကျ အသုံးမပြုပါက ဂေဟစနစ်ပျက်စီးမှုကို အကြီးအကျယ် ဖြစ်ပေါ်လာနိုင်ပြီး ရေရှည်မှာ ‌ဒေသခံတွေရဲ့ လူမှုအကျိုးစီးပွားတွေကို ထိခိုက်လာနိုင်တယ်လို့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး လုပ်ဆောင်နေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အာဏာမသိမ်းခင်အချိန်ထိ ‌ဒေသခံတွေနဲ့ NGO အဖွဲ့တွေ ပူးပေါင်းပြီး ထိန်းသိမ်းကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ထိရောက်မှုတွေရှိခဲ့ပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အသိပညာပေးတဲ့သူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လန်းပိကျွန်းကို ၁၉၉၆ ဖေဖော်ဝါရီ ၂၈ ရက်မှာ အဏ္ဏဝါအမျိုးသားဥယျာဥ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်က အာဆီယံအမွေအနှစ်အဖြစ်လည်း သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။

9 mins Ago

November 16, 2020

ဘုတ်ပြင်း၊ လန်ပိကျွန်းအနီး ရေပြင်တွင် ကျောက်ငါးများ အသက်ရှင်လျ​က်မျောပါနေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ အဏ္ဏဝါအမျိုးသား ဥယျာဉ် လန်ပိကျွန်းအနီး ရေပြင်မှာ ကျောက်ငါးတွေ ရေပြင်ပေါ်မှာ သက်ရှင်လျ​က် မျောပါနေတာ တွေ့ရတယ်လို့  ဒေသခံတွေက ပြောပါတယ်။ ဒီလိုငါးတွေရေပေါ်ပြီးအသက်ရှင်လျက်မျောပါနေတာဟာ အောက်တိုဘာ ၂၀ ရက်လောက်ကတည်းကဖြစ်ပြီး  ကျွန်းတကျွန်းတည်းမှာဖြစ်တာမျိုး မဟုတ်ဘဲ အနီးဝန်းကျင် တခြားကျွန်းတွေမှာပါ အများအပြားထပ်မံတွေရှိလာတယ်လို့ မကြုံကလက်ကျေးရွာနေ ကိုထွန်းက ပြောပါတယ်။ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင်က “ကျနော်တို့ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရနဲ့ ဒေသခံတွေပြောကြားချက်တွေအရ‌ စစ်ဆေးကြည့်တဲ့အခါမှာ ရေပေါ်ပေါ်နေတာ ကျောက်ငါးတစ်မျိုးတည်း အများဆုံးတွေ့ရတယ်၊ ဒဏ်ရာဒဏ်ချက် မရှိဘူး၊ မျောပါနေချိန်မှာအသက်ရှင်​​ပြီး အမြီးနဲ့ ရေယက်တွေ လှုပ်ရှားနိုင်နေတာ တွေ့ရတယ်။ အာခေါင်သည်အဝါရောင်သန်းလျက်ရှိပြီး ဆီဖေါင်းပြူထွက်နေမှု မရှိဘူး၊ မနက်ပိုင်းဆယ်ယူရရှိတဲ့ ၂ ကီလိုအရွယ်ကျောက်ငါးကို ပင်လယ်ရေထဲထည့်ထားရာမှာ ရှစ်နာရီခန့် အထိ ရှင်နေတယ်။ သေဆုံးချိန်မှာ ပဟတ်အရောင်ပြောင်းသွားတယ်။ အတွင်းကလီစာတွေမှာ အစာမတွေ့ရဘူး၊ လှောင်အိမ်နဲ့မွှေးတဲ့ ကျောက်ငါးတွေ သေဆုံးမှုမရှိဘူးဆိုတာ တွေ့ရတယ်။ ကျနော်တို့ဌာနက ဓာတ်ခွဲသုတေသနပြုဖို့အတွက် ငါးနမူနာ ၂ကောင်၊ ရေနမူနာ ၃ ဘူး (ရေအနက်မီတာအလိုက်)တွေကို ရန်ကုန်မြို့ရှိ အဏုစိတ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများဌာန၊ ငါးရောဂါဌာနကို နမူနာတွေပို့ထားတယ်။ အဖြေထွက်လာရင် ထုတ်ပြန်ပေးသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။ ဒီလိုမျောပါနေတဲ့ကျောက်ငါးတွေကို ဒေသခံရွာသားတွေကဆယ်ယူပြီး ချက်ပြုတ်စားသောက်နေကြရာမှာ လက်ရှိအချိန်အထိတော့ ဘေးအန္တရာယ် ဖြစ်ပွားသူ မရှိသေးဘူးလို့လည်း သိရပါတယ်။ သန္တာကျောက်တန်းတွေမှာသာနေတဲ့ ငါး​​တွေရေပေါ် ပေါ်နေ​တာ ထူးခြားနေတဲ့အတွက် တတ်ကျွမ်းသည့် ပညာရှင်တွေကိုယ်တိုင် လာရောက်လေ့လာ စစ်ဆေးပေးဖို့ ဒေသခံတွေ လိုလားနေပါတယ်။ သတင်း- လတ်ကိုကိုဦး
2 years Ago
Up