close

လမ်းချော်

close

March 17, 2023

အမေရိကန်တွင် ကုန်တင်ရထား လမ်းချော်ပြီး ဒီဇယ်ဆီ ဂါလံ ၅,၀၀၀ ခန့် ယိုဖိတ်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်က အယ်နာကောတပ်စ်မြို့အနီး စကားဂစ်ထ် ကောင်တီမှာ မတ်လ ၁၆ ရက် ညသန်းခေါင်လောက်က ကုန်တင်ရထားတစင်း လမ်းချော်သွားပြီးနောက် ဒီဇယ်ဆီဂါလံ ၅,၀၀၀ လောက် ယိုဖိတ်သွားခဲ့ကြောင်း ပြည်နယ် ဂေဟဗေဒဌာနက ထုတ်ပြန်ပါတယ်။

ဒီဇယ်ဆီယိုဖိတ်မှုကို အရေးပေါ်အဖွဲ့သားတွေက တုံ့ပြန်လုပ်ဆောင်နေကြပါတယ်။ ယိုဖိတ်မှုဟာ ရေကြောနဲ့ထိစပ်နေတဲ့ မြေပြန့်ပေါ်မှာ ဖိတ်ကျသွားတာဖြစ်ပြီး ဒီဇယ်ဆီ အများစုဟာ ရေ သို့မဟုတ် တောရိုင်းတိရစ္ဆာန်တွေအပေါ် ဘာထိခိုက်မှုမှ မရှိဘဲ မြေပြင်ပေါ်ကိုသာ ဖိတ်ကျသွားတာဖြစ်ကြောင်း လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုရထားလမ်းချော်မှုမှာ ဘာလင်တန်မြောက်ပိုင်း ဆန်တာ‌ဖေး BNSF ရထားလိုင်းက ရထားတစင်းနဲ့ ကားတစင်းတို့ ပတ်သက်နေပြီး ရထားရော ကားရော ရထားလမ်းကြောင်းကနေ ချော်ထွက်သွားတာပါ။ 

အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ပြီးခဲ့တဲ့နာရီပိုင်းလောက်ကလည်း အရီဇိုးနားပြည်နယ်အနောက်ပိုင်းမှာ တခြား BNSF ရထားတစီး လမ်းချော်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ တလခွဲလောက်ကလည်း အိုဟိုင်းယိုးပြည်နယ်က အရှေ့ပါလက်စတိုင်းရွာမှာ နော်ဖို့ခ် တောင်ပိုင်း ကုန်တင်ရထားတစီး လမ်းချော်ခဲ့လို့ အဆိပ်ရှိတဲ့ ဗီနိုင်းလ် ကလိုရိုက်ဒ်နဲ့ တခြားအန္တရာယ်ရှိ ဓာတုပစ္စည်းတွေ သယ်ဆောင်လာတဲ့ကားတွေ မှောက်ကုန်ပြီး မီးလောင်ခဲ့ပါတယ်။

1 min Ago

August 7, 2022

ခရိုအေးရှားနိုင်ငံတွင် ဘုရားဖူးယာဉ် လမ်းချော်ကျပြီး ပိုလန်နိုင်ငံသား ၁၂ ဦး သေဆုံး

ခရိုအေးရှားနိုင်ငံအနောက်မြောက်ပိုင်း ဗာရက်ဇ်ဒင်အနီးမှာ သြဂုတ် ၆ ရက် အစောပိုင်းက ဘာသာရေးဘုရားဖူးတွေ ပြည့်နေတဲ့ ပိုလန်ဘတ်စ်ကားတစ်စီး လမ်းချော်ကျလို့ လူ ၁၂ ဦး သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

အဲဒီထဲက ၁၈ ဦးဟာ ဒဏ်ရာ အပြင်းအထန်ရရှိသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ ယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့ မြို့တော် ဇာဂရက်ဘ်ကို သွားရာလမ်းက ဘရက်ဇ်နစ်ကီ ဟမ် ကျေးရွာအနီးမှာ ရဲတပ်ဖွဲ့၊ မီးသတ်သမားတွေ၊ ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို နေရာ ဖြန့်ချထားခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

သေဆုံးသူအားလုံးဟာ ပိုလန်နိုင်ငံသားတွေဖြစ်ပြီး ဘတ်စ်ကားမှာ ဝါဆော မှတ်ပုံတင်နံပါတ်ပြား ပါရှိတယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရုပ်သံလိုင်းတခုမှာ ပြောကြားထားပါတယ်။

ခရီးသည်တွေဟာ ဘော့စနီးယားတောင်ပိုင်းရှိ မဒ်ဂျူဂျောရ်ဂျီ ရိုမန်ကက်သလစ်ဘုရား ကျောင်းကို သွားရောက်ကြတဲ့ အရွယ်ရောက် ဘုရားဖူးတွေဖြစ်တယ်လို့ ခရိုအေးရှား ပြည်ထဲရေးဝန်ကြီးက ပြောကြားထားပြီး ယာဉ်တိုက်မှုဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းနေကြဆဲပါ။ 

7 months Ago
Up