close

ခရိုအေးရှားနိုင်ငံတွင် ဘုရားဖူးယာဉ် လမ်းချော်ကျပြီး ပိုလန်နိုင်ငံသား ၁၂ ဦး သေဆုံး

ခရိုအေးရှားနိုင်ငံအနောက်မြောက်ပိုင်း ဗာရက်ဇ်ဒင်အနီးမှာ သြဂုတ် ၆ ရက် အစောပိုင်းက ဘာသာရေးဘုရားဖူးတွေ ပြည့်နေတဲ့ ပိုလန်ဘတ်စ်ကားတစ်စီး လမ်းချော်ကျလို့ လူ ၁၂ ဦး သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

အဲဒီထဲက ၁၈ ဦးဟာ ဒဏ်ရာ အပြင်းအထန်ရရှိသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ ယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့ မြို့တော် ဇာဂရက်ဘ်ကို သွားရာလမ်းက ဘရက်ဇ်နစ်ကီ ဟမ် ကျေးရွာအနီးမှာ ရဲတပ်ဖွဲ့၊ မီးသတ်သမားတွေ၊ ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို နေရာ ဖြန့်ချထားခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

သေဆုံးသူအားလုံးဟာ ပိုလန်နိုင်ငံသားတွေဖြစ်ပြီး ဘတ်စ်ကားမှာ ဝါဆော မှတ်ပုံတင်နံပါတ်ပြား ပါရှိတယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရုပ်သံလိုင်းတခုမှာ ပြောကြားထားပါတယ်။

ခရီးသည်တွေဟာ ဘော့စနီးယားတောင်ပိုင်းရှိ မဒ်ဂျူဂျောရ်ဂျီ ရိုမန်ကက်သလစ်ဘုရား ကျောင်းကို သွားရောက်ကြတဲ့ အရွယ်ရောက် ဘုရားဖူးတွေဖြစ်တယ်လို့ ခရိုအေးရှား ပြည်ထဲရေးဝန်ကြီးက ပြောကြားထားပြီး ယာဉ်တိုက်မှုဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းနေကြဆဲပါ။ 

//
Up